Connect with us

Videos

မြန်မာ့ စီးပွားရေး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၇.၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားဟုဆို

ရန်ကုန် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

မြန်မာ့ စီးပွားရေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ်တွင် ၇.၄ ရာခိုင်နှုန်း တိုးတက်ရန် လျာထားကြောင်း အာဆီယံ+၃ မက်ခရို စီးပွားရေး သုတေသနရုံး(AMRO)၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာ အပေါ် ရှင်းလင်း ဆွေးနွေးမှုများ အရ သိရသည်။

AMRO ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ နှစ်ပတ်လည် ညှိနှိုင်း ဆွေးနွေးပွဲ အစီရင်ခံစာ၏ အဓိက အာဘော်များ ၊ မက်ခရို စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၊ အလားအလာများ ၊ စွန့်စားမှုများ နှင့် မူဝါဒ ဆွေးနွေးချက်များ အပေါ် AMRO ၏ Chief Economist Dr.Hoe Ee Khor ကအောက်တိုဘာ ၅ ရက်တွင် ရန်ကုန်မြို့၌ ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခင် ဘဏ္ဍာရေးနှစ်တွင် ၅.၉ ရာခိုင်နှုန်း မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၆.၈ ရာခိုင်နှုန်း အထိ ဖွံ့ဖြိုးလာကာ ပုံမှန် နာလန်ထူမှု လမ်းကြောင်းပေါ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့အတူ ပို၍ မြင့်မားသော စွမ်းအင် ဈေးနှုန်းများ ၊ ရေကြီးရေလျှံမှုကြောင့် ထုတ်လုပ်မှု ဆိုးရွား စွာ ကျဆင်းမှုများ နှင့် ငွေလဲနှုန်း မခိုင်မာမှု တို့ကြောင့် ငွေကြေး ဖောင်းပွမှုသည် ၂၀၁၈ ခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်း ပျမ်းမျှခြင်း အားဖြင့် ၆.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၊ သို့ရာတွင် ရေကြီးရေလျှံမှုများ၏ ရိုက်ခတ်မှု လျော့နည်း သွားပြီးနောက် လာမည့်နှစ်တွင် ယင်းသည် ၅.၀ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိမည်ဟု မျှော်လင့်ကြောင်း သိရသည်။

အာဆီယံ+၃ မက်ခရို စီးပွားရေး သုတေသနရုံး(AMRO)သည် အရှေ့တောင် အာရှ နိုင်ငံများ အသင်းကြီး၏ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်(ဟောင်ကောင်) ၊ တရုတ် ၊ ဂျပန် နှင့် ကိုရီးယား နိုင်ငံတို့ပါဝင်သော အာဆီယံ+၃ ဒေသ၏ စီးပွားရေး လုံခြုံမှု နှင့် ငွေကြေး တည်ငြိမ်မှုကို အထောက်အကူ ပြုရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်း တစ်ရပ် ဖြစ်သော AMRO သည် မက်ခရို စီးပွားရေး စောင့်ကြည့်မှု ဆောင်ရွက်ခြင်း ၊ ဒေသဆိုင်ရာ ငွေကြေး အစီအစဉ်များ အကောင်အထည်ဖော်မှုအား အကူအညီ ပေးခြင်း ၊ ချင်းမိုင် ပဏာမ ဘက်ပေါင်းစုံ ပါဝင် ဆောင်ရွက်မှု(CMIM) နှင့် အဖွဲ့ဝင်များအား နည်းပညာ အကူအညီ ပေးခြင်း တို့ဖြင့် ယင်းလုပ်ပိုင်ခွင့်များကို ဖြည့်ဆည်း ပေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.