Connect with us

Videos

မြေအောက် ကေဘယ်လ်ကြိုးများကို စစ်ဆေးသည့်စက်ရုပ်

ဝူးလူမူချီ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ် / စုဝင့်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း ဒေသ ဝူးလူမူချီ မြို့ရှိ လျှပ်စစ်ဓါတ်အားခွဲစက်ရုံတစ်ခုတွင် ထားရှိသည့် လျှပ်စစ်ဓါတ်အားလိုင်းများစစ်ဆေးရေးစက်ရုပ်သည် လူသား လုပ်သားတစ်ဦးထက်၂၅ ဆ လျှင်မြန်စွာလုပ်ဆောင်နိုင်သည်။
၎င်းစက်ရုပ်မှာ လူသားလုပ်သားများအတွက် အန္တရာယ်များသည့် လုပ်ငန်းများဖြစ်သည့် မြေအောက် ကေဘယ်လ် ကြိုးများ စစ်ဆေးခြင်းနှင့် ကြိုးမဲ့နည်းပညာဖြင့် အချက်အလက်များကို ပို့လွှတ်ခြင်းတို့ကိုလုပ်ဆောင် ပေးနိုင်သည်။
စက်ရုပ်တွင် အပူချိန်တိုင်း ကင်မရာများ၊ စိုထိုင်းမှုနှင့် ဓါတ်ငွေ့ ဆင်ဆာစနစ်များနှင့် ဗီဒီယို နှင့် အပူချိန်ပုံရိပ်ဖမ်းစနစ်များ ပတ်ဝန်းကျင်စောင့်ကြည့်ရေးစနစ်များနှင့်အခြားစနစ်များစွာတို့ ထည့်သွင်းထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.