Videos
ရေဘေးသင့်ဒေသများကယ်ဆယ်ရေးအတွက် ခေတ်မီစက်များအသုံးပြုရန်ပြင်ဆင်
ကျန်းရှီ၊ မေ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းရှီ ပြည်နယ်တွင် ရေဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် drones များကို အသုံးပြုရန်ပြင်ဆင်ခဲ့ကြသည်။
နိုင်ငံ၏ အရှည်ဆုံး မြစ်ဖြစ်သည့် ယန်စီမြစ်ရေလျှံတက်မှုကြောင့် ရေလွှမ်းမိုသည့်ရာသီဥတုတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ drone များသည် ကောင်းကင်တွင် အချိန်ကြာမြင့်စွာပျံသန်းနိုင်ကြသည့် အပြင် ဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာများနှင့် စုံစမ်းထောက်လှမ်းရမည့်နေရာတို့ကို တိကျစွာဖော်ပြနိုင်စွမ်း လည်းရှိသည်။
ဘီး ၄ ဘီးပါသည့် မြေတူးစက်များကလည်း အရပ်မျက်နှာတိုင်းသို့ လွတ်လွတ်လပ်လပ် လှည့်ပတ်လှုပ်ရှားနိုင်သည်။ ထိုမြေတူးစက်များမှာ တောင်စောင်းများနှင့် တောင်ပေါ်ဒေသများတွင်ပင် လွယ်ကူစွာအလုပ်လုပ်နိုင် သည်။(Xinhua)