Videos
ရှင်းကျန်းဒေသ လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု ပမာဏ ပထမ ၅ လတွင် ၄၇ ရာခိုင်နှုန်း မြင့်တက်
ရှင်းကျန်း ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယခု ၂၀၂၀ ပြည့်နှစ် ပထမ ငါးလတွင် အခြားဒေသများသို့ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၅ ဘီလီယံ ပေးပို့ခဲ့ပြီး ယခင်နှစ်ထက် ၄၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံတော် ဓာတ်အားလိုင်း ရှင်းကျန်းရုံးက မကြာသေးမီက ပြောကြားခဲ့သည်။ အဆိုပါ ပေးပို့ခဲ့သော လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၂၆ ဒသမ ၅ ရာခိုင်နှုန်းအား သန့်ရှင်းသောစွမ်းအင်ဖြင့် ထုတ်လုပ်ခဲ့သည်။
ထိုသို့ တိုးတက်လာခြင်းသည် အဓိကအားဖြင့် ရှင်းကျန်းဒေသမှ တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်သို့ ကီလိုမီတာ ၃,၀၀၀ ကျော် ရှည်လျားသည့် အလွန်မြင့်မားသော လျှပ်စစ်ဗို့အား ပို့လွှတ်ခြင်း စီမံကိန်း တစ်ခု ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုအခါတွင် ရှင်းကျန်းဒေသသည် တရုတ်နိုင်ငံရှိ အခြားဒေသ ၁၉ ခုသို့ လျှပ်စစ်ဓာတ်အားများ ပေးပို့လျက် ရှိသည်။ (Xinhua)