Connect with us

Videos

လက်ဖက်အဓိကထွက်ရှိရာဒေသတွင် ဧရာမလက်ဖက်ရည်ကြမ်းအိုး ရုပ်တုဖြင့် ခရီးသွားများကို ဆွဲဆောင်

ကွေ့ကျိုး၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် Meitan စီရင်စုတွင် ၄၈. ၂ မီတာအမြင့်ရှိသည့် ဧရာမ လက်ဖက်ရည်ကြမ်းအိုးနှင့် ၁၆.၈ မီတာအမြင့်ရှိသည့်ရေနွေးခွက်သဏ္ဍာန် ရုပ်တုများသည် ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့သည်။ ကွေ့ကျိုးပြည်နယ်သည် ကုန်းမြင့်ပိုင်းဒေသများနှင့်အတူ မြေပြန့်ဒေသများ လည်း တည်ရှိပြီး ရာသီဥတု သင့်တင့်မျှတကာ လူနေထူထပ်သောကြောင့် စီးပွားရေးအချက်အချာကျသည့် ပြည်နယ်တစ်ခုဖြစ်သည်။ ကွေ့ကျိုးသည် တရုတ်နိုင်ငံ၏ အကြီးဆုံး လက်ဖက်စိုက်ပျိုးရာဒေသတစ်ခုဖြစ်ပြီး ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် လက်ဖက်စိုက်ခင်းဧကပေါင်း ၄၇၈,ဝဝဝ ဟက်တာအထိ ရှိခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံတစ်နိုင်ငံလုံး၏ အဓိက လက်ဖက် တင်ပို့ရာ ဒေသတစ်ခုဖြစ်စေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ရုပ်တုများကို တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.