Connect with us

Videos

လေ ပေါ် ညစာဆိုင် ၁ဝ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဘရပ်ဆဲ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

လေပေါ်တွင်ကရိန်းကြီးများချိတ်ဆွဲကာညစာစားကြသည့် အတွေ့အကြုံမှာ အံ့မခန်းဖွယ်ရာပင်ဖြစ်သည်။ ဘယ်လ်ဂျီယံနိုင်ငံရှိ ကုမ္ပဏီတစ်ခုက ၎င်းတို့ကုမ္ပဏီ၏ လေပေါ်ညစာစားခြင်း ၁ဝ နှစ်ပြည့်အတွေ့အကြုံ အောင်မြင်ခြင်း အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကျင်းပခဲ့သည်။

ထိုအခမ်းအနားတွင် မြေပြင်မှ မီတာ ၅ဝ အထက် သို့ ကရိန်းများဖြင့်ဆွဲကာ စားပွဲပေါင်း ၁ဝ ဝိုင်းဖြင့် ပြင်ဆင် ပေးခဲ့သည်။ ဘရပ်ဆဲနိုင်ငံ အော်တိုမီယမ်အဆောက်အအုံအနီးတွင် ကျင်းပခြင်းဖြစ်ပြီး စားပွဲ ၁ ဝိုင်း ကို လူပေါင်း ၂၂ယောက် စားသောက်နိုင်သည်။ လာရောက်စားသောက်သူများကို စိတ်ချလုံခြုံမှုအပြည့်ရှိစေရန် ကြိုးများဖြင့် သေချာချိတ်ဆွဲထားကြောင်းသိရသည်။ ဟင်းအမယ် ၅ မျိုးပါဝင်သည့် ထမင်းဝိုင်းကို အတော်ဆုံး စားဖိုမှူးများက ပြင်ဆင်ချက်ပြုတ်ပေးထားပြီး လာရောက်သုံးဆောင်လိုသည့် ဧည့်သည် တစ်ဦးလျင် ဒေါ်လာ ၃ဝ၇ ဒေါ်လာကျသင့်မည်ဖြစ်သည်။

လေပေါ် ညစာစားခြင်း ကို ၂ဝဝ၆ ခုနှစ်တွင်စတင်ခဲ့ပြီး အစားအသောက်ကို ခုံမင်နှစ်သက် သူများအတွက် အသစ်အဆန်းတစ်ခုအဖြစ်ဆွဲဆောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံပေါင်း ၅၆ နိုင်ငံမှ ထိုကဲ့သို့လိုက်လံတုပ ပြီးလေပေါ်တွင် ညစာစားနိုင်သည့်ဆိုင်များကိုဖွင့်လှစ်ခဲ့သည်။ ညစာစားခြင်းအပြင် မင်္ဂလာအခမ်းအနားများနှင့် TV Show များ တွင် လည်း လေပေါ် စားသောက်ပွဲများကို ထည့်သွင်း ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.