Videos
ဝူဟန့်မြို့၏ အမြင့်ဆုံးမိုးမျှော်တိုက်ကြီးတည်ဆောက်လျှက်ရှိ

ဝူဟန့်၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် Wuhan Greenland Center ဟုအမည်ရသည့် ဝူဟန့်၏ အမြင့်ဆုံးမိုးမျှော်တိုက်ကြီးကို တည်ဆောက်လျှက်ရှိသည်။ ယင်းအဆောက်အဦကို အမြင့် ၆၃၆ မီတာ အထိ ဆောက်လုပ်သွားရန် မူလကတည်းက ဒီဇိုင်းဆွဲထားသည်။ မိုးမျှော်တိုက်ကြီးပေါ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးအပါအဝင် ၃၆၀ မြင်ကွင်းကို ရှုစားနိုင်မည့် မျှော်စင်ကြီးတစ်ခုလည်းပါဝင်မည်ဖြစ်သည်။ ထို့အပြင် မျှော်စင်အတွင်း ရုံးလုပ်ငန်းအဆောက်အဦများကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
Continue Reading