Connect with us

Videos

ဝူဟန့်ရှိ ဆေးရုံအသစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာများ စတင်လက်ခံ (ရုပ်သံ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သော ဆေးရုံသစ်တစ်ခုတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော လူနာများအား ဖေဖော်ဝါရီ ၄ ရက်၌ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။အချိန် ၁၀ ရက်ကြာတည်ဆောက်ခဲ့သည့် ဟောဆန်ဆန်း (Fire God Mountain) မီးနတ်တောင် ဆေးရုံကြီးဆီသို့ လူနာပထမအသုတ်အား လွှဲပြောင်းလျက်ရှိသည်ဟု ဆိုသည်။ 

အဆိုပါ ဆေးရုံသည် ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာများကို ကုသမှုပေးရန် ရည်ရွယ်ကာ ယာယီတည်ဆောက်ထားသော ဆေးရုံနှစ်ခုအနက် တစ်ခုဖြစ်သည်။ဝူဟန့်အနေဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော လူနာများကို လက်ခံကုသရန် အားကစားရုံတစ်ရုံနှင့် ပြခန်းစင်တာတစ်ခု အပါအဝင် ရှိနှင့်ပြီးသားနေရာသုံးနေရာအား ဆေးရုံများအဖြစ် ပြောင်းလဲအသုံးပြုရန် စီစဉ်ထားကြောင်း ကူးစက်ရောဂါထိန်းချုပ်မှုစင်တာ ဌာနချုပ်က ဖေဖော်ဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။ယာယီဆေးရုံများအဖြစ် ပြောင်းလဲအသုံးပြုရန် စီစဉ်ထားသည့်နေရာများမှာ ဟုန်ဆန်းအားကစားရုံ၊ ဝူဟန် အပြည်ပြည်ဆိုင်ရာကွန်ဖရင့်နှင့် ပြပွဲစင်တာနှင့် “ဝူဟန့်ဧည့်ခန်း” ဟုလူသိများသော ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ ဖြစ်ကြောင်း ဌာနချုပ်၏ အဆိုအရ သိရသည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.