Connect with us

Videos

ဟောင်ကောင်ရှိ ပန်ဒါကြီး ကမ္ဘာ့အသက်အကြီးဆုံးပန်ဒါကြီး ဖြစ်လာ

ဟောင်ကောင်၊ သြဂုတ် ၁ဝ ရက် (ဆင်ဟွာ)
Hong Kong Ocean Park တွင် ရှိသည့် ပန်ဒါကြီး ကျားကျားသည် ယခုနှစ်တွင် အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးပန်ဒါအဖြစ် ဆက်လက်မှတ်တမ်းတင်နေဆဲဖြစ်သည်။ ကျားကျားနဲ့ အခြားပန်ဒါ ကြီး ၃ ကောင် ၏ မွေးနေ့ ပွဲကို အဆိုပါပန်းခြံတွင် သြဂုတ်လ ၈ ရက်နေ့က ကျင်းပခဲ့သည်။ ပန်ဒါ လေးကောင်လုံးကို ရေခဲကိတ်များအားမွေးနေ့လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ အခြားပန်ဒါတစ်ကောင်ဖြစ်သည့် အန်အန်း ကိုလည်း လူသားတို့ ပြုစုစောင့်ရှောက်ပေးရသည့် ပန်ဒါများထဲတွင် ကမ္ဘာ့ဒုတိယအသက်အကြီးဆုံးပန်ဒါအဖြစ် မှတ်တမ်းတင်ထားသည်။ အန်အန်းမှာ ယခုနှစ်တွင် အသက် ၃ဝ နှစ်ရှိပြီဖြစ်သည်။ ထိုပန်ဒါ၂ကောင်စလုံးမှာ အသက်အရွယ်ကြီးလာသည့်တိုင် သွေးပေါင်ချိန် ကောင်းမွန်ပြီးအစားအသောက်ပုံ မှန်ရှိသောကြောင့် ယခုကဲ့သို့ ကျန်းမာ အသက်ရှည်သည့် ပန်ဒါများဖြစ်လာကြောင်းဆရာဝန်များကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.