Connect with us

Videos

ဟွန်ဒူးရပ်စ်နိုင်ငံရှိ ဂင်းနစ်စံချိန်မှတ်တမ်းဝင် ကမ္ဘာ့အကြီးဆုံးကော်ဖီခွက်ကြီး

တယ်ဂူစီဂါလ်ပါ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

ဟွန်ဒူးရပ်စ်နိုင်ငံတွင်ပြီးခဲ့သည့်နိုဝင်ဘာလ ၃ဝ ရက်နေ့က ကမ္ဘာ့အကြီးဆုံးကော်ဖီခွက်ကြီးကို ဂင်းနစ်စံချိန်မှတ်တမ်းတင်နိုင်ခဲ့သည်။အဆိုပါ ကော်ဖီခွက်ထဲတွင် ကော်ဖီပေါင်း ၁၈ဝဝဝ လီတာ ကိုဖြည့်တင်းထားခဲ့ပြီးနောက် ယခင်က ဗြိတိန်နိုင်ငံက တင်ထားခဲ့သည့်ကော်ဖီလီတာပေါင်း ၁၃၂ဝဝ လီတာ ကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကော်ဖီခွက်ကြီးအား စတီးဖြင့် ပြုလုပ်ထားပြီး ရေနွေးပေါင်း ၁၅၇၃ဝ လီတာနှင့် ကော်ဖီမှုန့် ၂၂၇ဝ ကို ထည့်သွင်းကာ ဖျော်စပ်ခဲ့ရကြောင်းသိရသည်။ နိုဝင်ဘာလ ၃ဝ ရက်နေ့ တရက်တည်းမှာပင် အဆိုပါ ကမ္ဘာ့အကြီးဆုံးကော်ဖီခွက်မှ ကော်ဖီများကို တစ်နေရာတည်း တစ်ချိန်တည်းတွင် လာရောက်သောက်သုံးသူ ၇၃၉ ဦးအထိရှိသောကြောင့် ကော်ဖီလာရောက်သောက်သုံးသူ အများဆုံး ဒုတိယမြောက် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.