Connect with us

Videos

အကွေ့အကောက် တောင်ကြားလမ်းအတွင်းဖောက်လုပ်ထားသည့် ဂင်းနစ်စံချိန်တင် ဥမင်လိုဏ်ခေါင်း

ဟေပေ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟေပေပြည်နယ်တွင် ဖောက်လုပ်ထားသည့် Yanchong အဝေးပြေးလမ်းရှိ Jinjiazhuang ဥမင်လိုဏ်ခေါင်းမှာ အကွေ့အကောက် တောင်ကြားလမ်းအတွင်းဖောက်လုပ်ထားသည့် ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်းတစ်ခုအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်။ ၎င်းဥမင်လိုဏ်ခေါင်းမှာ အရှည်အားဖြင့် ၄၁ဝဝမီတာကျော်ရှည်လျားပြီး Yangchong အဝေးပြေးလမ်း၏ အဓိကကျသည့်အစိတ်အပိုင်း တစ်ခုဖြစ်ကာ ၂ဝ၂၂ ခုနှစ်ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများကျင်းပမည့် ပြိုင်ပွဲ နေရာနှစ်ခုဖြစ်သည့် Yanqing နှင့် Chongli တို့ကိုလည်းချိတ်ဆက်ထား ကြောင်းသိရသည်။ ဥမင်ဖောက်လုပ်ရာတွင် အကွေ့အကောက်များစွာကြောင့် ဖောက်လုပ်ရန်ခက်ခဲသည့်မြေသားအခြေအနေများကြုံတွေ့ရပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ ထိုဥမင်ကို ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်ပြီး အချောသတ်လုပ်ငန်းများပြီးစီးပါက ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ကာ သွားလာနိုင်တော့မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.