Connect with us

Videos

အင်ဒိုနီးရှားတွင် မီးတောင်ကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီ ရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူ ၃၇၃ဦးအထိ မြင့်တက်လာ

ဂျာကာတာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ သည် ၃၇၃ဦးအထိ မြင့်တက်လာပြီး အခြားလူ ၁,၄၅၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲရာမှ ရေအောက် မြေပြိုမှုကြောင့်ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေး နှင့် ရှာဖွေရေး လုပ်ငန်းများကို ဆူနာမီအဆိုးရွားဆုံး ရိုက်ခတ်ခဲ့သည့် Banten ပြည်နယ်ရှိ Pandeglang နှင့် Serang ခရိုင်၊ Lampung ပြည်နယ် ရှိ Lampung Selatan၊ Panawaran နှင့် Tenggamus ခရိုင်များတွင် လုပ်ဆောင်နေဆဲဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဆူနာမီသတိပေးချက်အား ဆောလျင်စွာထုတ်ပြန်ရန် ပျက်ကွက်ခဲ့မှုကြောင့် လူအများသည် ရွှေ့ပြောင်းရန် အခွင့်အရေးမရရှိခဲ့ဘဲ သေဆုံးသူများပြားခဲ့ရကြောင်း Sutopo ကပြောကြားခဲ့သည်။

ဆူနာမီရေလှိုင်းများကြောင့် စုစုပေါင်း နေအိမ် ၆၈၁လုံး၊ ဟော်တယ် နှင့် တည်းခိုအဆောက်အအုံ ၆၉လုံး၊ သင်္ဘော နှင့် လှေ အစီး ၄၂၀ ပျက်စီးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.