Connect with us

Videos

အာဖရိကတိုက်တွင် တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့သည့်စီမံကိန်းကြီးများ

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဖရိကတိုက်ရှိနိုင်ငံတို့ မှာ အတူမျှဝေခံစားနိုင်မည့်အနာဂတ်အသိုက်အဝန်းတစ်ခုကို ဖန်တီးပုံဖော်ရန်ကြိုးပမ်းလျက်ရှိသည်။ အာဖရိကတိုက်တစ်ဝန်းတွင်တရုတ်နိုင်ငံက အခြေခံကျသည့် စီမံကိန်းလုပ်ငန်းကြီးများကို တည်ဆောက်လျက်ရှိပြီး ၎င်းမှာ တရုတ် အာဖရိက ၏ ခိုင်မြဲသော စီးပွားရေးပြယုဂ် တစ်ခုလည်းဖြစ်လာခဲ့သည်။ ထိုစီမံကိန်းကြီးများမှာ (၁) မွမ်ဘာဆာ-နိုင်ရိုဘီ ရထားလမ်းစီမံကိန်းသည် ၄၈ဝ ကီလိုမီတာ အရှည်ရှိပြီး China Road and Bridge Corporation က အကောင်အထည်ဖော် ဖောက်လုပ်ထားခြင်းဖြစ်သည်။ ၎င်းမှာ ကင်ညာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိ တည်ဆောက်လျက် ရှိသည့်အထဲတွင် အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်လာသည်။ (၂) နိုင်ဂျီးရီးယား ရှိ အဘူဂျာ အမြန်ရထားစီမံကိန်း မှာ အနောက်အာဖရိကတိုက်တွင် ပထမဆုံး အမြန်ရထားစီမံကိန်းဖြစ်ပြီး ၄၅ ကီလိုမီတာ အရှည်ရှိ ပြီး China Civil Engineering and Construction Corp က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (၃) အာဖရိကတိုက်အနောက်ပိုင်းရှိ အိုင်ဗရီကို့်စ်တွင် ဆောက်လုပ်ထားသည့် ဆူဘရာ ရေအားလျှပ်စစ်စီမံကိန်း မှာလည်း အနောက်အာဖရိက တစ်တိုက်လုံးတွင် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းကြီးဖြစ်သည်။ ၎င်းမှာ အနောက်အာဖရိကတိုက်တွင် အဓိက လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးသည့်နေရာတစ်ခုဖြစ်လာရန် မျှော်မှန်းထားသည်။ (၄) မိုဇမ်ဘစ်ရှိ မာပူတိုတံတား ကို China Road and Bridge Corporation က ဆောက်လုပ်ခဲ့ကာ ၎င်းမှာ အာဖရိကတိုက်၏ အရှည်ဆုံးကြိုးတံတားတစ်စင်းဖြစ်ပြီး ပင်မတံတားအရှည်မှာ ၆၈ဝ မီတာရှိသည်။ (၅) အာဖရိတိုက် white nile မြစ်၌ အစ်ဆင်းဘာ ရေအားလျှပ်စစ်စီမံကိန်းကို ယူဂန်ဒါ နိုင်ငံတွင် China International Water and electric Corp က ဆောက်လုပ်ခဲ့ပြီး ယူဂန်ဒါနိုင်ငံတွင် လျှပ်စစ်ဓါတ်အားပြတ်လတ်မှုကို လျော့ပါးစေရန် ထိုသို့ဆောက်လုပ်ထားခြင်းဖြစ်သည်။(၆) ဂါနာနိုင်ငံတာမာတွင် ကုန်သတ္တာတင်ဆိပ်ကမ်းကို China Harber Engineering Company က တည်ဆောက်နေခြင်းဖြစ်ပြီး ၎င်းဆိပ်ကမ်းပြီးစီးပါက ကမ္ဘာ့အကြီးဆုံးကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဟုလည်းသိရသည်။ (၇) အီသီရိုးပီးယား ရှိ အက်ဒမာ လေအားလျှပ်စစ်စီမံကိန်း ၎င်း အာဖရိကတိုက်တွင်ဒုတိယအကြီးဆုံးလေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး ခေတ်မီတိုးတက်သည့် စီးပွားရေးလုပ်ငန်းကိုဖော်ဆောင်ပေးနိုင်ရန်တရုတ်နိုင်ငံက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။(၈) ဆီနီဂေါရှိ အမျိုးသားနပန်း ပွဲကျင်းပသည့်အဆောက်အဦကိုလည်း တရုတ်နိုင်ငံ ကဆောက်လုပ်ပေးလျက်ရှိပြီး အာဖရိကတိုက်တွင် အကြီးဆုံးအမျိုးအစားထဲတွင်ပါဝင်သည်။ နပန်းအားကစားမှာ ဆီနီဂေါနိုင်ငံ၏ ရိုးရာအားကစားနည်းတစ်ခုလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.