Videos
ဥရောပတိုက်၏ ပထမဆုံး ရေအောက်ပြတိုက် တည်ဆောက်
Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}
လန်ဇာရိုတေး၊ ဖေဖော်ဝါရီ (၄)ရက် (ဆင်ဟွာ)
ဥရောပတိုက်၏ ပထမဆုံး ရေအောက်ပြတိုက်ကို အတ္တလန္တိတ်သမုဒ္ဒရာရှိ လန်ဇာရိုတေး ကမ်းရိုးတန်း ရေအောက် တွင် တည်ဆောက်ခဲ့သည်။ ရေအောက်ပြတိုက် တည်ဆောက်ရာတွင် ရေနေသတ္တဝါများနှင့် ရေထု ပျက်စီးထိခိုက်မှု မရှိသည့် ပစ္စည်းများဖြင့် စတုရန်းမီတာပေါင်း ၂၅ဝဝ အကျယ်အဝန်းကို အသုံးပြုထားသည် ။ ယခုအခါတွင် ရေအောက်ပြတိုက် တွင် ထည့်သွင်းပြသမည့် ရုပ်တု ၁၅ ရာခိုင်နှုန်း ခန့်အား တည်ဆောက် ထားပြီး ဖြစ်ကြောင်းသိရသည်။ အမိုးအကာများ၊ အောက်ဆီဂျင် နှင့် ငါးအပါအဝင် ရေနေသတ္တဝါများ တို့အတွက်အစာများရရှိရန်အတွက် ရေအောက်ပြတိုက် တွင်ကျောက်တန်းအတုများနှင့် ပင်လယ်ရေညှိများ၊ ကျောက်ပွင့်များ ကို ထည့်သွင်း တည်ဆောက်ထားကြောင်းသိရသည်။ (Xinhua)