Connect with us

Videos

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ပထမနေ့ စတင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် ( ဆင်ဟွာ)

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်၌ စတင်ကျင်းပခဲ့ပြီး သဘာပတိအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် မဲဆန္ဒနယ် ၄ မှ ပူးဇုန်လျယ်ထန်း က သဘာပတိအဖြစ် ကျမ်းကျိန်ဆိုခဲ့ြ့ပီး အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့၌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမန်းဝင်းခိုင်သန်းကို တင်မြှောက် ခဲ့ပြီး ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသား ပါတီ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၆ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင်အား တင်မြှောက်ခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၃ဦး ကတိသစ္စာပြု ခဲ့သည်။ အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိရာ ယနေ့ လွှတ်တော်သို့ ၂၂၃ ဦးတက်ရောက်ပြီး ကယားပြည်နယ် မဲဆန္ဒနယ်မှ ဝန်ကြီး ဦးစိုးသိန်းသည် အစိုးရသစ်သို့ တာဝန်လွဲှပြောင်းနိုင်ရေး တာဝန်များကြောင့် လက်ရှိအစိုးရ သက်တမ်းကာလအတွင်း ခွင့်တိုင်ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.