Connect with us

Videos

ဥရောပတွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံ ပထမဆုံး စတင်တည်ဆောက်

ဘဲလ်ဂရိတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဥရောပတိုက်တွင် ပထမဆုံးအဖြစ် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံကို ဆာဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ တွင် စက်တင်ဘာ ၉ ရက်မှ စတင်ကာ တည်ဆောက်လျက်ရှိကြောင်း သိရသည်။၂၀၂၂ ခုနှစ်ဧပြီလမှစတင်ကာ ထိုစက်ရုံမှ နှစ်စဉ် COVID-19 ကာကွယ်ဆေး အကြိမ်ရေပေါင်း သန်း ၃၀ ထုတ်လုပ်နိုင်ရန်လျာထားသည်။

ထိုစက်ရုံမှ ဆာဘီးယားနိုင်ငံနှင့် အခြားဒေသတွင်းနိုင်ငံများကို တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေးများဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

ဆာဘီးယားနိုင်ငံသမ္မတ Aleksandar Vucic က “ ၂၀၂၂ ခုနှစ်မတ်လကုန်မှာ စက်ရုံရဲ့ ပထမအဆင့်ပြီးစီးခြင်းနဲ့အတူ ကာကွယ်ဆေးပထမအသုတ်ကိုထုတ်လုပ်နိုင်မှာဖြစ်ပါတယ်၊ ဧပြီလကစပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ကာကွယ်ဆေးတွေကို နိုင်ငံတွင်းနဲ့အခြားနိုင်ငံတွေရဲ့ဈေးကွက်အထိ ဖြန့်ဖြူးနိုင်တော့မှာပါ ၊ စက်ရုံက တစ်နှစ်ကို ကာကွယ်ဆေးသန်း၃၀ ထုတ်လုပ်နိုင်မှာပါ” “ ဒါဟာအကျိုးစီးပွားတူ မိတ်ဖက်ဆောင်ရွက်ခြင်းမဟုတ်ပါဘူး ခင်မင်ရင်းနှီးမှုရဲ့ သက်သေလည်းဖြစ်ပါတယ်” ဟုဆိုသည်။

ဥရောပတိုက် အနောက်ဘော်ကန်ဒေသ၌ COVID-19 ကူးစက်ပျံ့ပွားမှုနှုန်းမှာ နေ့စဉ်တိုးတက်လျက်ရှိသည်။
ဆာဘီးယားနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့တွင် ကူးစက်ခံရသူ ၆,၂၄၉ ဦးအထိရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ဆောင်းတွင်းထက် နေ့စဉ်ကူးစက်ခံရမှုပမာဏမှာ အမြင့်ဆုံးဖြစ်ခဲ့သည်။

ကူးစက်ခံရမှုအားလုံးနီးပါးမှာ ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရသူများဖြစ်သည်။
ဆာဘီးယားနိုင်ငံတွင် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလမှစကာ အစုလိုက်ကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့သည်။

တရုတ်နိုင်ငံက ဆာဘီးယားနိုင်ငံအား ဆေးဝါးအထောက်အပံ့များ၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များပံ့ပိုးခြင်း၊ကာကွယ်ဆေးများ နှင့် ရောဂါကူးစက်မှုအားစစ်ဆေးနိုင်မည့် “မီးမျက်လုံး” အမည်ရ ဓါတ်ခွဲခန်းနှစ်ခန်းကို လည်းကူညီတည်ဆောက်ပေးခဲ့သည်။

University of Belgrade မှ Molecular Genetics and Genetic Engineering အင်စတီကျူ့မှ ညွှန်ကြားရေးမှူး Jelena Begovic က “တရုတ်နိုင်ငံက အများကြီးကူညီထောက်ပံ့မှုတွေပြုလုပ်ပေးတဲ့အပြင် ကျွန်မတို့မျှဝေရမှာတွေကိုပါ နမူနာပြသနေပါတယ်” ဟုဆိုသည်။ (Xinhua)

……………………..
(English Version)
GLOBALink | Construction of first Chinese COVID-19 vaccine factory in Europe starts
Construction of the first Chinese vaccine factory in Europe began in Belgrade. It is expected to produce 30 million COVID-19 vaccine doses annually starting from April 2022 to supply Serbia and several other countries in the region with the Chinese-developed Sinopharm vaccines. #GLOBALink

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.