Connect with us

Videos

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၃၂.၈၂ ရာခိုင်နှုန်းရှိ

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ပေါင်း ၁၇၂၇ ခုကျင်းပခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၂.၈၂ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အားတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၇၈၉,၈၄၅ ဦးဖြေဆိုခဲ့ပြီး ဖြေဆိုသူများထဲမှ ၂၅၉,၁၉၁ ဦးအောင်မြင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ နိုင်ငံခြားမှ ဖြေဆိုသည့်ကျောင်းသား၊ ကျောင်းသူ များအတွက် စာစစ်ဌာန ၂၀ တွင် ဖြေဆိုသူ ၁၄၅ ယောက်တွင် ၆၅ ဦးအောင်မြင်ခဲ့သည်။

ယခုနှစ်တွင် ၁ ဘာသာဂုဏ်ထူးရရှိသူ ၅၀,၃၁၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရရှိသူ ၁၂,၀၅၄ ဦး၊ ၃ ဘာသာဂုဏ်ထူးရရှိသူ ၆၇၉၅ဦး၊ ၄ ဘာသာဂုဏ်ထူးရရှိသူ ၃၈၉၀ ဦး၊ ၅ ဘာသာဂုဏ်ထူးရရှိသူ ၁၉၈၃ ဦး၊ ၆ ဘာသာ ဂုစ်ထူးရရှိသူ ၇၁၆ ဦး ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနပေါင်း ၁၅၉၄ ခုတွင် ဖြေဆိုသူဦးရေ ၇၁၆,၁၈၈ ဦး ရှိခဲ့ပြီး၊ အောင်မြင်သူဦးရေ ၂၄၂,၇၃၆ ဦးရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၃.၈၉ ရာခိုင်နှုန်းရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.