Connect with us

Videos

၂၀၁၈ ခုနှစ် ပေကျင်းပညာရေးပြပွဲကျင်းပ

ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

၂၀၁၈ခုနှစ် ပေကျင်းပညာရေးပြပွဲကို ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့Taw Win Garden Hotelတွင် ကျင်းပခဲ့ရာ တက္ကသိုလ်ကျောင်းများ၊ ပြင်ပ စာသင်ကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား တခဲနက်လာရောက်လေ့လာမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။

မြန်မာတရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားရာတွင် ပညာရေးကဏ္ဍတွင် မြန်မာတရုတ်ချစ်ကြည်ရေးအသင်းကြီး အနေဖြင့် မြန်မာကျောင်းသားများကို ပညာသင်ကြားရန် ကူညီထောက်ပံ့မှုများ၊ပညာသင်စေလွှတ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပေကျင်းပညာရေးကော်မတီ ပညာပြန့်ပွားရေးဌာန ဒုတိယညွှန်မှူး မစ္စတာ ယွီဟိုင်က ယခုကျင်းပသည့် ပေကျင်းပညာရေးပြပွဲသည် နှစ်နိုင်ငံအကြားပညာရေးကဏ္ဍ ပူးပေါင်းဖလှယ်မှုများ ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် ပညာရေးပြပွဲကတစ်ဆင့် ပညာသင်သွား ရောက်နိုင်မည့် အကျိုးရှိသည့်သတင်းအချက်အလက်များ ၊အချိတ်အဆက်များပေးနိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန် နိုဗယ်ဘာသာစကား သင်တန်းကျောင်း ဒုတိယကျောင်းအုပ်လီမော့ရောင်ကလည်း ယခုကျင်းပသည့် ပေကျင်းပညာရေးပြပွဲက တရုတ်-မြန်မာပညာရေးပူးပေါင်းဆောင်ရွက်တိုးမြှင့်ရာ ပလက်ဖောင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ် ပညာရေးပြပွဲကို ပေကျင်းမြို့ပညာရေးကော်မတီမှ ကြီးမှူးကာ ပေကျင်းမြို့ နိုင်ငံတကာ ပညာရေးဖလှယ်မှုစင်တာမှ တာဝန်ယူဆောင်ရွက်ပြီး မန္တလေး မြန်မာ-တရုတ်ချစ်ကြည်ရေး၊ မန္တလေး ဖူချင့်ကွန်ဖြူးရှပ်စာသင်ကျောင်းနှင့် ရန်ကုန် နိုဗယ်ဘာသာစကား သင်တန်းကျောင်းတို့မှ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ပေကျင်းမြို့မှ အဆင့်မြင့်ကျောင်း ၁၁ ကျောင်းပါဝင်မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.