Connect with us

Videos

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းများကိုပြည်သူများစတင်ကြည့်ရှုလျက်ရှိ (ရုပ်သံ)

ရန်ကုန်၊ဇူလိုင်၂၅ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်နိုဝင်ဘာ၈ရက်အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်းများကိုဇူလိုင်၂၅ရက်တွင်စတင်ကာမဲဆန္ဒရှင်ပြည်သူများကလာရောက်ကြည့်ရှုလျက်ရှိသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့်ဇူလိုင်၂၅ရက်မှသြဂုတ်၈ရက်အထိ၁၄ရက်ကြာသက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများတွင်မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာစဉ်မဲစာရင်းများလာရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း၊ မိမိအမည်မဲစာရင်းတွင်မပါပါက ပုံစံ () ဖြင့်မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊မပါဝင်သင့်သူများပါဝင်ပါကပုံစံ () ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါကပုံစံ () ဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းတို့အားလိုအပ်ပါကဆောင်ရွက်နိုင်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည်။

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်မဲပေးခွင့်ရှိသူဦးရေမှာအကြမ်းအားဖြင့်၃၇သန်းရှိကြောင်း၊မဲဆန္ဒရှင်စာရင်းအတိအကျကိုဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူတစ်ဦးကဆင်ဟွာကိုဇူလိုင်၂၅ရက်တွင်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.