Connect with us

Videos

ခရီးသွားကားများကို တောင်စောင်းမှပြိုကျလာသောကျောက်တုံးများအန္တရာယ်မှ ရဲအရာရှိများ ကာကွယ်နိုင်ခဲ့

ဟူပေ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ဟူပေပြည်နယ် ရိချန်းမြို့ရှိ ရှင်းရှန်း ကောင်တီတွင် ဥမင်လိုဏ်ခေါင်းတစ်ခု၏ ထွက်ပေါက်ရှိ တောင်စောင်းမှ ကျောက်တုံးများပြုတ်ကျလာသဖြင့် လိုဏ်ခေါင်းအတွင်းမှ ထွက်လာသောကားများအား ကျောက်တုံးများ အန္တရာယ်မှ ကင်းဝေးစေရန် ရဲအရာရှိနှစ်ဦးက အချိန်မီဆောင်ရွက်နိုင်ခဲ့သည်။ 

၎င်းရဲအရာရှိ နှစ်ဦးသည် G၃၄၇ အမျိုးသားအဝေးပြေးလမ်းရှိ ဥမင်လိုဏ်ခေါင်း ထွက်ပေါက်တွင် တောင်စောင်းမှ ကျောက်တုံးများပြုတ်ကျနေသည်ကိုမြင်လိုက်ရသည်။  ဥမင်လိုဏ်ခေါင်းထဲမှ ကားတစ်စီး ထွက်တော့မည့်အချိန်တွင် များပြားသော ရွှံ့တုံးများ နှင့် ကျောက်ခဲများစွာ ထပ်မံကျလာသဖြင့် ရဲအရာရှိနှစ်ဦးက ကားများနောက်ပြန်လှည့်ရန် ကျယ်လောင်စွာ အော်ဟစ်တားဆီးခဲ့သည်။ 

အဆိုပါကားများသည်လည်း အန္တရာယ်ကင်းသည့်နေရာတွင် ရပ်တန့်နိုင်ခဲ့သည်။ ရဲအရာရှိများအနေဖြင့် အဆိုပါနေရာကို ပိတ်ထား၍ အန္တရာယ်ရှိကြောင်း လျင်မြန်စွာသတင်းပို့ခဲ့သည်။ ယခုအချိန်တွင်တော့ အဆိုပါလမ်းပိုင်းတွင် အသွားအလာ ပြန်လည်စတင်လျက်ရှိသည်။  (Xinhua)