Media
အမေရိကန်နိုင်ငံ၏ ပုံစံအတိုင်း ” ဒီမိုကရေစီစံနှုန်းများ” သတ်မှတ်ခြင်းသည် ဒီမိုကရေစီနည်းလမ်းမကျဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၏ စံနမူနာပုံစံအတိုင်း “ဒီမိုကရေစီစံနှုန်းများ” သတ်မှတ်ခြင်းသည် ဒီမိုကရေစီနည်းလမ်းမကျကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက်တွင်ပြောကြားခဲ့သည်။
အမေရိကန်က ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့သည့် “ဒီမိုကရေစီညီလာခံ” ၌ ကမ္ဘာပေါ်ရှိနိုင်ငံထက်ဝက်ခန့် အား ပါဝင်ခြင်းမရှိစေရန်ချန်လှပ်ခဲ့သည်။ ထိုအချင်းအရာမှာ ၎င်းတို့ကိုယ်တိုင် ဒီမိုကရေစီ၏ အနှစ်သာရကို စော်ကားခြင်းဖြစ်ပြီး အလားတူ အခမ်းအနားများထပ်မံကျင်းပခြင်းက လူကြိုက်များနိုင်လိမ့်မည်မဟုတ်ကြောင်း ဝမ်က သတင်းစာရှင်းလင်းပွဲတွင်ဆိုသည်။
လူ့ယဉ်ကျေးမှုကို ဥယျာဉ်ကြီးတစ်ခုနှင့် နှိုင်းယှဥ်ကြည့်ပါက မတူကွဲပြားသည့်နိုင်ငံများတွင် ကျင့်သုံးသည့် ဒီမိုကရေစီ မှာ အမျိုးမျိုးကွဲပြားနေမည်ဖြစ်ပြီး ပန်းပေါင်းရာနှင့်ချီပွင့်ဖူးနေကြသည်နှင့် အလားသဏ္ဍာန်တူကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ဒီမိုကရေစီ ကို ဗန်းပြပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်ခြင်းသည် ထိုနိုင်ငံများရှိ ပြည်သူများအပေါ်တွင်သာ ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်းဝမ်က ဆိုသည်။
“မိမိတစ်နိုင်ငံထဲရဲ့ စနစ်ကိုသာ အရင်းတည်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ကို ဆန့်ကျင်ရုံသာမကဘဲ ဒီမိုကရေစီ အတွက် ဘေးဖြစ်စေမယ့် အလားအလာတွေ ဖြစ်လာနိုင်တယ်” ဟု ဝမ်က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
GLOBALink | Setting “democratic standards” after U.S. model is undemocratic: Chinese FM
BEIJING, March 7 (Xinhua) — Setting “democratic standards” after the U.S. model is undemocratic, said Chinese State Councilor and Foreign Minister Wang Yi on Monday.
The so-called “Summit for Democracy” held by the United States last year excluded nearly half of the countries in the world. That in itself is an assault on the spirit of democracy, and holding such a summit again would be unpopular, Wang said at a press conference.
Human civilization, if compared to a garden, should be a diverse place where democracies in different countries bloom like hundreds of flowers, he noted.
Wang said meddling in other countries’ internal affairs in the name of democracy would only hurt the people in those countries.
“Putting one’s own system on a pedestal is not just against the spirit of democracy, but also spells disaster for democracy,” he said.
Produced by Xinhua Global Service