Connect with us

Videos

ချန်အန်း တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုက လမ်းကြောင်းများ ပိုမိုချဲ့ထွင်

ရှီးအန်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ဥရောပတိုက်နှင့် တရုတ်နိုင်ငံ ရှီးအန်းအကြား အရေးပါသည့် သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုတစ်ခုဖြစ်သော ချန်အန်း တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုသည် ယခုနှစ်အတွင်း နိုင်ငံတကာ ကုန်စည်မျိုးစုံပါဝင်သော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပိုမိုဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယခုနှစ် ပထမ နှစ်ဝက်တွင် ချန်အန်း တရုတ်-ဥရောပ ကုန်စည်ရထားဝန်ဆောင်မှု မှ ရထားအစင်းရေပေါင်း ၁,၇၉၁ စင်းကို ပြေးဆွဲနိုင်ခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စတင်သည့် ချန်အန်းရထားများသည် ဥရောပတိုက်နှင့် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ရှီးအန်းမြို့အကြား အရေးပါသည့် ကုန်စည်သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတစ်ခု ဖြစ်လာခဲ့သည်။

၎င်းတို့မှာ တရုတ်-ဥရောပ ကုန်စည်ရထားဝန်ဆောင်မှုလမ်းကြောင်းပေါင်း ၇၀ လုံးတွင် ပို့ဆောင်မှု အများဆုံး လမ်းကြောင်းထဲတွင် ပါဝင်ခဲ့ပြီး ရှီးအန်းမြို့ကို အာရှတိုက်အလယ်ပိုင်းနှင့် ဥရောပတိုက်ရှိ ကုန်စည်ဂိတ်များအကြား ချိတ်ဆက်ပေးနေခြင်းဖြစ်သည်။
လက်ထောက်ညွှန်ကြားရေးမှူး ZHANG LEI က“ယခုနှစ်အစောပိုင်းကတည်းက ကျွန်တော်တို့ဟာ နိုင်ငံတကာ ကုန်ပစ္စည်းအမျိုးအစားအားလုံးတင်ပို့တဲ့ လမ်းကြောင်း ၃ ခုကိုစတင်ခဲ့ပြီး အဲဒီလမ်းကြောင်းတွေက ရှီးအန်းကနေ ဂျပန်နိုင်ငံ အိုဆာကာမြို့ ၊ ကာဇက်စတန်နိုင်ငံ အယ်လ်မတ်တီမြို့နဲ့ ရုရှားနိုင်ငံ စိန့်ပီတာဘာ့ဂ်မြို့တို့ကိုအသီးသီးပို့ဆောင်ပါတယ်၊ လက်ရှိအချိန်အထိ ကျွန်တော်တို့ဟာ အမျိုးအစားအလုံးစုံပါဝင်တဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း စုစုပေါင်း ၄၁ ခုကို စတင်ခဲ့ပြီး နိုင်ငံနဲ့ ဒေသပေါင်း ၂၀ ကျော် ရှိ လေကြောင်းအချက်အချာကျတဲ့မြို့များစွာကို လွှမ်းခြုံထားနိုင်ပါပြီ” ဟုဆိုသည်။

ရှီးအန်းရှိ ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ အနောက်ပိုင်း ပြည်နယ်အဆင့်ရှိ ဒေသများနှင့် စင်ကာပူနိုင်ငံတို့က ပူးတွဲတည်ဆောက်ထားသည့် ကုန်သွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်သော နိုင်ငံတကာ ကုန်းကြောင်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်မှ အခွင့်အလမ်းများစွာ ဆောင်ကြဉ်းလာသည့်အပေါ် ပိုမို စိတ်ဝင်တစားရှိလာခဲ့ကြသည်။

အထွေထွေမန်နေဂျာ Yuan Xiao Jun က “အနာဂတ်မှာ ကျွန်တော်တို့ဟာ နိုင်ငံတကာ ကုန်းကြောင်း-ရေကြောင်းကုန်သွယ်ရေးစင်္ကြံသစ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားမှာဖြစ်ပြီးတော့ ဆန်ရှီး နဲ့ အနီးတဝိုက်ရှိ ဒေသများက လုပ်ငန်းတွေကို အကူအညီပေးကာ အရှေ့တောင်အာရှ ဈေးကွက်ကို နိုင်ငံတကာ ကုန်းကြောင်း-ရေကြောင်းကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ထိုးဖောက်သွားမှာပါ၊ ဒါ့အပြင် ကျွန်တော်တို့ဟာ အရှေ့တောင်အာရှ က လုပ်ငန်းတွေကို တရုတ်-ဥရောပ ကုန်စည်သယ်ယူပို့ဆောင်ရေးရထားလမ်းဝန်ဆောင်မှုရဲ့ ရှီးအန်းဖြန့်ချိရေးစင်တာ အပြင် ဆန်ရှီး နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေ အပေါ် ပိုမိုစိတ်ဝင်စားလာစေဖို့ ဆွဲဆောင်မှုတွေပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာ ကုန်းကြောင်း-ရေကြောင်းကုန်သွယ်ရေးစင်္ကြံသစ် ကနေ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာပါ” ဟုပြောကြားခဲ့သည်။
ဆန်ရှီးပြည်နယ် ရှီးအန်းရှိ အကောက်ခွန်အချက်အလက်များအရ ပြည်ပကုန်သွယ်ရေးမှာ ယခုနှစ် ပထမ ၅ လပတ်ကာလအတွင်း ယွမ် ၁၉၆.၈၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၉.၂၄ ဘီလီယံခန့်) အထိရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၉.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရသည်။(Xinhua)

……………………..
(English Version)
Chang’an China-Europe freight train service opens more routes
XI’AN, July 12 (Xinhua) — Chang’an China-Europe freight train service, a vital transport link between Europe and China’s Xi’an, opens more international all-cargo routes this year.
In the first half of this year, the Chang’an China-Europe freight train service operated 1,791 trains.
Launched in November 2013, the Chang’an trains have become a vital transport link between Europe and the city of Xi’an, capital of Shaanxi Province.
They are among the busiest in all 70-plus routes of the China-Europe freight train service, connecting Xi’an with Central Asian and European destinations.
SOUNDBITE 1 (Chinese): ZHANG LEI, Deputy director, Airport bonded and logistics industry development department, Airport New City in Xi’an
“Since the beginning of this year, we’ve launched three international all-cargo routes, which link Xi’an to Japan’s Osaka, Kazakhstan’s Almaty, and Russia’s St. Petersburg, respectively. Up to now, we have launched a total of 41 all-cargo routes, covering multiple aviation hub cities in more than 20 countries and regions.”
Companies in Xi’an are also eyeing more opportunities brought by the New International Land-Sea Trade Corridor, which is a trade and logistics passage jointly built by Singapore and provincial-level regions of Western China.

SOUNDBITE 2 (Chinese): YUAN XIAOJUN, General manager, Xi’an Free Trade Port Construction and Operation Co., Ltd.
“In the future, we will enhance our cooperation with the New International Land-Sea Trade Corridor, helping enterprises in Shaanxi and neighboring areas to explore the Southeast Asian market through the New International Land-Sea Trade Corridor. Besides, we will take advantage of the New International Land-Sea Trade Corridor, to attract more businesses from Southeast Asia to Xi’an distribution center of the China-Europe freight train service, as well as to Shaanxi and neighboring areas.”
According to the customs of Xi’an, Shaanxi Province saw its foreign trade grow by 9.6 percent year on year to 196.87 billion yuan (about 29.24 billion U.S. dollars) in the first five months of this year.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.