Connect with us

Media

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းက အင်ဒိုနီးရှားနိုင်ငံရှိ ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးရရှိ

ဂျာကာတာ ၊ မတ် ၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာ နှင့် ဘန်ဒေါင်းမြို့တို့အား ဆက်သွယ်ထားသည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းက ခရီးသွားလာမှုလွယ်ကူချောမွေ့စေသည့်အပြင် ဒေသခံပြည်သူများကို အကျိုးရှိစေကြောင်း သိရသည်။
တရုတ်နိုင်ငံက အဆိုပြုသည့် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက်အောက်တွင် အထင်ကရစီမံကိန်းတစ်ခု အဖြစ် ရထားလမ်းသည် တည်ဆောက်နေချိန်အတွင်း ဒေသခံများစွာအတွက် အလုပ်အကိုင်များ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ကို ဒီအခွင့်အရေးပေးတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အကျိုးကျေးဇူး ကြီးကြီးမားမား ယူဆောင်ပေးနိုင်တယ်လို့ ကျွန်တော်အနေနဲ့ အမှန်တကယ် ယုံကြည်တဲ့ အတွက်ကြောင့် ဒီသမိုင်းတွင်မယ့် စီမံကိန်းမှာ ပါဝင်ခွင့်ရလို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်”ဟု KCIC ၏ စီမံကိန်းစီမံခန့်ခွဲမှု နှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဒါရိုက်တာ ALLAN TANDIONO က ပြောကြားခဲ့သည်။

Sukajaya ကျေးရွာခေါင်းဆောင် NIRWAN HERMAWAN က “မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းနဲ့အတူ ကျွန်တော့်အနေနဲ့ အတူတကွ လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့ ၊ ရပ်ရွာလူထု ၊ ဒေသခံကျေးရွာတွေက Sinohydro နဲ့ အတူတကွ လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော့်ဒေသ အထူးသဖြင့် Sukajaya ခရိုင်မှာ အလုပ်လက်မဲ့နှုန်းက ကျဆင်းသွားခဲ့ပါတယ်။အထူးသဖြင့် Sukajaya ကျေးရွာမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ ၃၅၀ ပြေးဆွဲနိုင်မည့် ရထားလမ်းသည် ဂျကာတာမြို့ နှင့် ဘန်ဒေါင်းမြို့အကြား ခရီးသွားလာမှုအား သုံးနာရီကျော်မှ မိနစ် ၄၀ ဝန်းကျင်အထိ လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

“မြို့ကြီး နှစ်မြို့အကြား သွားလာမယ့် ပြည်သူတွေအတွက် အချိန်ကို လျှော့ချပေးနိုင်ပြီးတော့ မကြာမီ စတင်တော့မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးတော့ အဲဒါက အင်ဒိုနီးရှားပြည်သူတွေအတွက် ခိုင်မာတဲ့အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်”ဟု နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ သီးခြားလွတ်လပ်သော သုတေသနပညာရှင် KLAUS HEINRICH RADITIO က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
Jakarta-Bandung High-Speed Railway benefits locals in Indonesia
Connecting Indonesia’s capital Jakarta and the city of Bandung, the Jakarta-Bandung High-Speed Railway will not only facilitate travel but also benefit local people.

As a landmark project under the China-proposed Belt and Road Initiative, the railway has provided jobs for many locals during its construction.
SOUNDBITE 1 (English): ALLAN TANDIONO, Project management and business development director of KCIC
“When I was given this opportunity, I was very excited to be involved in this history-making project that I truly believe will bring great benefits to our people.”
SOUNDBITE 2 (Indonesian): NIRWAN HERMAWAN, Head of Sukajaya Village
“With the HSR project, I can work together, especially the government, community, local villages can work together with Sinohydro. Unemployment in my area, especially Sukajaya District, has decreased, especially in Sukajaya Village.”

With a design speed of 350 km per hour, the railway will cut the journey between Jakarta and Bandung from over three hours to around 40 minutes.
SOUNDBITE 3 (English): KLAUS HEINRICH RADITIO, Independent researcher on international relations
“I’m expecting that, to be launched soon, it will shorten the time for people to commute between these two big cities. And it will deliver concrete benefits to the Indonesian people.”
Xinhua News Agency correspondents reporting from Jakarta.
(XHTV)