Connect with us

Media

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဇွန် ၁၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက အဆွေတော်နိုင်ငံခြားရေးဝန်ကြီး၏ ယခုပေကျင်းခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အရေးကြီးအခိုက်အတန့်နှင့်တိုက်ဆိုင်ပြီး တွေ့ဆုံဆွေးနွေးမှု နှင့် ထိပ်တိုက်ရင်ဆိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် ပဋိပက္ခဖြစ်ပွားမှုကို ရွေးချယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သမိုင်းကို အစဉ်အမြဲ ရှေ့သို့ ရှေးရှုရမည် ဖြစ်ရာ တရုတ်-အမေရိကန်ဆက်ဆံရေးသည်လည်း ရှေ့သို့ လျှောက်လှမ်းရမည်သာ ဖြစ်ကြောင်း ၊ သမိုင်းကြောင်းကို နောက်ပြန်လှည့်ခြင်းက ထွက်ပေါက်မရှိသလို အရာအားလုံးကိုဖျက်သိမ်းပြီးတစ်ဖန်ပြန်စမည်မှာ မဖြစ်နိုင်ကြောင်း ၊ မိမိတို့အနေဖြင့် ပြည်သူလူထု၊ သမိုင်းနှင့်ကမ္ဘာကို တာဝန်ယူမှုရှိစွာဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး ဆက်တိုက်ကျဆင်းနေမှုကို ပြောင်းလဲ၍ မှန်ကန်တည်ငြိမ်သော လမ်းကြောင်းကို ပြန်လည်ရောက်ရှိအောင် တွန်းအားပေးပြီး ခေတ်သစ်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး မှန်ကန်သော နည်းလမ်းကို အတူတကွ ရှာဖွေသွားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်-အမေရိကန် ဆက်ဆံရေး အဆိုးဆုံးအခြေအနေ ဖြစ်လာရခြင်းမှာ အမေရိကန်က တရုတ်နိုင်ငံအပေါ် လွဲမှားသော သိမြင်မှုဖြင့် မှားယွင်းသော မူဝါဒများကို ချမှတ်ခြင်းကြောင့် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး အကျပ်အတည်းအပြောင်းအလဲများကို ဖြတ်သန်းရာတွင် အမေရိကန်အနေဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ်ပြီး တရုတ်နိုင်ငံနှင့်အတူ ကွဲလွဲမှုများကို ထိန်းချုပ်ကာ မဟာဗျူဟာအလွဲအချော်ဖြစ်ပွားမှုကို ရှောင်ရှားရမည် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေထိုးကျနေမှုကို ရပ်တန့်အောင်နှင့် တည်ငြိမ်အောင် အရေးတကြီး ဦးစားပေးဆောင်ရွက်ရမည်မှာ နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသော သဘောတူညီချက်များကို မှန်ကန်စွာ လက်တွေ့ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ လျှောက်လှမ်းရန် အရေးကြီးဆုံးမှာ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုဟူသောမူကို အခြေပြုလိုက်နာရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ရှင်သန်အားကောင်းလာမှု သမိုင်းယုတ္တိနှင့် မလွဲမသွေ ထိုသို့ ဖြစ်မြောက်လာမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်း၏ ထူးခြားသော ဝိသေသလက္ခဏာနှင့် ပြည်သူ့ ဒီမိုကရေစီ ပြည့်ဝမှုများကို ဝမ်ရိက မိတ်ဆက်ပြောကြားခဲ့ပြီး အမေရိကန်အနေဖြင့် အင်အားကြီးနိုင်ငံသည် မုချ ဗိုလ်ကျစိုးမိုးမည်ဟူသော မိမိ၏ပုံစံခွက်ဖြင့် တရုတ်နိုင်ငံကို မရှုမြင်ရန်၊ အနောက်နိုင်ငံကြီးများ လျှောက်လှမ်းခဲ့သော ခြေရာဖြင့် တရုတ်နိုင်ငံအပေါ် လွဲမှားသောအမြင် မထားရှိရန် တိုက်တွန်းကြောင်း၊ ၎င်းမှာ အမေရိကန်၏ တရုတ်နိုင်ငံအပေါ် ထားရှိသော မူဝါဒ မှန်ကန်၍ဓမ္မဓိဋ္ဌာန်ကျမှုဆီသို့ ပြန်လည် ရောက်နိုင်မှုရှိမရှိ၏ အရေးကြီးသော့ချက် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အမေရိကန်ဘက်က “တရုတ် ခြိမ်းခြောက်မှု”ဟု ချဲ့ကားပြောဆိုနေမှုကို ချက်ချင်းရပ်တန့်ရန်၊ တရုတ်နိုင်ငံအပေါ် ထားရှိသော တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ဖျက်သိမ်းရန်၊ တရုတ်သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ခြင်းအား စွန့်လွှတ်ရန် ၊ တရုတ်ပြည်တွင်းရေးကို ထင်သလို စွက်ဖက်ခြင်းမပြုရန် ဝမ်ရိက တောင်းဆိုခဲ့သည်။

ဝမ်ရိက ထိုင်ဝမ်အရေး၏အနက်အဓိပ္ပါယ်ကို အလေးထား ရှင်းလင်းပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံပေါင်းစည်းရေးကို ကာကွယ်ထိန်းသိမ်းခြင်းသည် တရုတ်နိုင်ငံဗဟိုအကျိုးစီးပွား၏ ထာဝရ အချက်အချာ၊ တရုတ်ပြည်သူများ၏ကံကြမ္မာ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာမြဲမြံသော သမိုင်းတာဝန် ဖြစ်ကြောင်း၊ ဤကိစ္စတွင် တရုတ်နိုင်ငံက နောက်ဆုတ်အလျော့ပေးမည် မဟုတ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်တွင် အတည်ပြုထားသော တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အမှန်တကယ် ခိုင်မာစွာ ကျင့်သုံးရမည် ဖြစ်ပြီး တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက် ပြည့်စုံမှုကို လေးစားကာ “ထိုင်ဝမ် လွတ်လပ်ရေး”ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အမေရိကန်နိုင်ငံ၏သဘောထားအမြင်များကို ပြောကြားခဲ့ရာတွင် နှစ်နိုင်ငံခေါင်းဆောင်များ ဘာလီကျွန်းတွေ့ဆုံဆွေးနွေးမှု၌ အတည်ပြုခဲ့သော အစီအစဉ်များကို ပြန်လည်ဆောင်ရွက်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်ဆောင်ရွက်သွားရန်၊ ကွဲလွဲမှုများကို တာဝန်ယူမှုရှိစွာ စီမံထိန်းချုပ်ရန် ၊ နှစ်ဘက်ဘုံအကျိုးစီးပွား ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်များ ပြုလုပ်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နှစ်ဘက်အနေဖြင့် ဘုံဂရုပြုကြသော နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
(外事)王毅会见美国国务卿布林肯
新华社北京6月19日电6月19日,中共中央政治局委员、中央外办主任王毅在北京会见美国国务卿布林肯。
王毅说,国务卿先生此次北京之行正值中美关系处在一个关键节点,需要就对话还是对抗、合作还是冲突作出选择。历史总要向前发展,中美关系终究也要向前发展。开历史倒车没有出路,推倒重来更不可取。我们要以对人民、对历史、对世界负责的态度,扭转中美关系螺旋式下滑,推动重回健康稳定轨道,共同找到中美在新时期的正确相处之道。
王毅强调,中美关系陷入低谷,根源在于美方抱持错误的对华认知,导致错误的对华政策。中美关系历经波折,美方有必要深刻反思,同中方一道,共同管控分歧、避免战略意外。中美关系要止跌企稳,当务之急是把两国元首共识真正落到实处。中美关系要行稳致远,最重要的是把习近平主席提出的相互尊重、和平共处、合作共赢原则作为根本遵循。
王毅深入阐释了中国发展振兴的历史逻辑和必然趋势,介绍了中国式现代化的鲜明特征和全过程人民民主的丰富内涵,敦促美方不要拿国强必霸的模板来镜像中国,不要用西方传统大国走过的轨迹来误判中国。这是美国对华政策能否真正回归客观理性的关键所在。
王毅要求美方停止炒作“中国威胁论”,取消对华非法单边制裁,放弃对中国科技发展打压,不得肆意干涉中国的内政。王毅着重剖析了台湾问题的实质,强调维护国家统一永远是中国核心利益中的核心,是全体中华儿女命运所系,是中国共产党矢志不渝的历史使命。在这个问题上,中国没有任何妥协退让的余地。美方必须真正坚持中美三个联合公报确定的一个中国原则,尊重中国主权和领土完整,明确反对“台独”。
布林肯介绍了美方看法,表示美方致力于重回两国元首巴厘岛会晤确定的议程,期待同中方加强沟通,负责任管控分歧,在双方有共同利益的领域开展合作。
双方还就共同关心的国际和地区问题交换了意见。(完)
1. 6月19日,中共中央政治局委员、中央外办主任王毅在北京会见美国国务卿布林肯。新华社记者 王晔 摄