Connect with us

Media

အစ္စရေးနိုင်ငံ မော့ဆက်အတွက် သူလျှိုလုပ်နေကြောင်း သံသယရှိသူ ၃၃ ဦးကို တူရကီ ဖမ်းဆီး

အန်ကာရာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ မော့ဆက်ထောက်လှမ်းရေးအဖွဲ့အတွက် သူလျှိုလုပ်ပေးနေသည်ဟု သံသယရှိသူ ၃၃ ဦးကို တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်အစိုးရရှေ့နေရုံး၏ အကြမ်းဖက်မှုနှင့် မြေအောက်အဖွဲ့အစည်းများ စုံစမ်းစစ်ဆေးရေးဗျူရိုက စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် ထိုသို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က လူမှုကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများတွင် ထောက်လှမ်းခြင်း ၊ ရှာဖွေခြင်း ၊ တိုက်ခိုက်ခြင်းနှင့် ပြန်ပေးဆွဲခြင်း အပါအဝင် တူရကီနိုင်ငံ၌ နေထိုင်သည့် နိုင်ငံခြားသားများအပေါ် စစ်ဆင်ရေးများ လုပ်ဆောင်ရန် စီစဉ်ထားသည့် သံသယရှိသူများကို ဖော်ထုတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Türkiye detains 33 suspected of spying for Israel’s Mossad
Turkish police detained 33 people suspected of spying for Israel’s intelligence service Mossad, a cabinet minister said Tuesday.
The arrests followed an investigation launched by the Istanbul prosecutor office’s terrorism and organized crimes investigation bureau, Interior Minister Ali Yerlikaya said in a post on social media platform X, formerly known as Twitter.
The investigation revealed that the suspects planned to carry out operations against foreign nationals residing in Türkiye, including reconnaissance, pursuit, assault and kidnapping, he said.
Xinhua News Agency correspondents reporting from Ankara.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.