Connect with us

Videos

ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး ဖန်သား တံတား ဘေးကင်းရေး စမ်းသပ်မှု လုပ်ဆောင်

ချန်ရှ၊ ဇွန် ၃ဝ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ကျန်းကျီကျဲ့မြို့ရှိ ကမ္ဘာ့ အမြင့်ဆုံးနှင့် အရှည်ဆုံး ဖန်သား တံတား အား ဘေးကင်းရေး စမ်းသပ်မှုများပြုလုပ်ခဲ့သည်။ အဆိုပါ ဖန်သားတံတားသည် အရှည် ၄၃ဝ မီတာ ရှိပြီး မြေပြင်အထက် မီတာ ၃ဝဝ အမြင့်ရှိ ချောက်ကမ်းပါးစောက် နှစ်ခုအကြား တည်ဆောက်ထားခြင်း ဖြစ်သည်။
အဆိုပါ ဖန်သား တံတား၏ ခံနိုင်ရည်အား အများပြည်သူ လက်ခံ ယုံကြည်လာစေရန် စေတနာ့ ဝန်ထမ်း များက တူများဖြင့် ဖန် သားများအား ထုခွဲပြခဲ့ သည်။ ဖန်သား မျက်နှာပြင် နေရာအချို့မှာ အက်ကွဲသွားခဲ့သော်လည်း ဖန်သားမှာ လုံးဝကျိုးပဲ့သွားခြင်း မရှိခဲ့ပေ။ အဆိုပါ တံတား တွင် ဖန်သားလွှာ ၃ ချပ်ပါဝင်ပြီး ၄ ဒသမ ၅ မီတာ နှင့် ၁၅ မီလီမီတာ အထူရှိသော ဖန်သား အစိတ်အပိုင်း ၉၉ ခုဖြင့် ဖွဲ့စည်းပြုလုပ်ထားသည်။ ပျက်စီးသွားသော ဖန်သား အစိတ်အပိုင်းများအား ဖယ်ရှား လဲလှယ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂ တန်ရှိ ကား တစ်စီး လည်း ဇွန်လ ၂၆ ရက်က တံတားပေါ် သို့ ဖြတ် သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.