Connect with us

Videos

ကာတွန်းဇာတ်ကောင်များဖြင့်စပါးခင်းများပုံဖော်

ရှန်းယန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ကောင်းကင်ပေါ်ကနေကြည့်ပါက ကာတွန်းဇာတ်ကောင်များပုံစံ ပုံဖော်ထားသည့် အံ့မခန်း လှပနေသည့် လယ်ကွင်းများကို မြင်တွေ့ရမည်ဖြစ်သည်။
ထို ကာတွန်းရုပ်များတွင် တရုတ်နိုင်ငံ၏ နံမည်ကြီး ဇာတ်ကောင် မျောက်မင်းအပါအဝင် အခြားကာတွန်းရုပ်များကိုလည်း စပါးခင်းများဖြင့်ပုံဖော်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းလျောင်နန်းပြည်နယ်၊ ရှန်းယန်မြို့ရှိ စိုက်ပျိုးရေးဥယျာဉ်တွင် ထိုသို့ရှုခင်းများကို မြင်တွေ့နိုင်မည်ဖြစ်သည်။
စုစုပေါင်း လယ်ကွက် အကြီးစား ၁၇ ကွက်တွင် စပါးများကို စိုက်ပျိုးခဲ့ပြီး စိုက်ခင်းထဲတွင် အရောင် ၉ မျိုးထွက်အောင် အပင်များကို စီစဉ်ထားခြင်းဖြစ်သည်။
၁၃.၃ ဟက်တာ အကျယ်ရှိသည့် အဆိုပါ လယ်မြေများတွင် ကာတွန်းဇာတ်ကောင်များ ဇာတ်ဝင်ခန်းများ ကို အပြည့်အဝပုံဖော်ထားသည်။
အဆိုပါဥယျာဉ်ရှိ ဝန်ထမ်းများက ထိုသို့ကာတွန်းရုပ်ပုံများဖြင့် စိုက်ခင်းများစိုက်ပျိုးရန် အကြံဉာဏ်ကို၂ဝ၁၃ ခုနှစ်ကတည်းက ရရှိခဲ့ကြောင်းဆိုသည်။
စတင်စိုက်ပျိုးခြင်းမပြုလုပ်မီ တိကျသေချာသည့် တွက်ချက်မှုနှင့် ဒီဇိုင်းဖော်မှုကို ဆောင်ရွက်ရသည်ဟုသိရသည်။
စပါးရိတ်သိမ်းချိန်တိုင်း ခေတ်နှင့်အညီ လိုက်ဖက်သည့် စာတမ်းများ၊ ပုံများဖြင့် စပါးခင်းများကို တဖန်ပြန်လည်ပုံဖော်ခဲ့ကြသည်။
ထိုသို့ပုံဖော်ခြင်းကို နှစ်စဉ် ဇွန်လ ကုန်မှ စတင်ကာ အောက်တိုဘာလဆန်းလောက်အထိ ပြုလုပ်ကြကြောင်းလည်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.