Connect with us

Videos

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပိတ်ဆို့ခြင်းနှင့် သီးသန့်နေထိုင်ခြင်းနည်းလမ်းများဖြင့်ဖြေရှင်း၍ရမည်မဟုတ်ကြောင်း ပြောကြား

နယူးယောက်၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ယနေ့ခေတ်တွင်ဖြစ်ပွားနေသည့်ပြဿနာများအား ပိတ်ဆို့ခြင်းနှင့် သီးသန့်နေထိုင်ခြင်းနည်းလမ်းများဖြင့်ဖြေရှင်း၍ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာကြီးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးဆိုင်ရာအခက်အခဲများကို တစ်ကမ္ဘာလုံးအနေဖြင့်ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ပြီး ထိုသို့ဖြေရှင်းရာတွင်ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ပါဝင်ဖြေရှင်းရမည်ဖြစ်ကြောင်းဂူတားရက်စ်ကဆိုသည်။မိမိအနေဖြင့် တရုတ်နိုင်ငံက တစ်နိုင်ငံတည်းသာလွန်ကောင်းမွန်စေရုံမကဘဲ အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့်လည်းအကျိုးတူပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO)၏ရည်မှန်းချက်ဖြစ်သည့် ၂ဝ၃ဝ ရည်မှန်းချက်အစီအစဉ်အတိုင်းပူးပေါင်းဆာင်ရွက်ရန်ကတိပြုခြင်းအပေါ်ကို အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.