Videos
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပိုးလမ်းမကြီးစီမံကိန်းကိုကြိုဆို
နယူးယောက်၊ မေ ၁ဝ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူးထရက်စ် က မေလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ က အဆိုပြု သည့် ပိုးလမ်းမကြီးစီမံကိန်း၏ အရေးပါမှုကို အထူးအလေးပေးပြောကြားခဲ့သည်။ သူက ယနေ့ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် တရုတ်နိုင်ငံက အဓိက ကျသည့် အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း၊ ပိုးလမ်းမကြီး စီမံကိန်း၏ ပဏာမ ခြေလှမ်းများကို စတင်လျှောက်လှမ်းရင်းဖြင့် စိန်ခေါ်မှုများကို ပြီးမြောက်အောင်မြင်စေမည် ဖြစ်ကြောင်းဆိုသည်။ ၎င်းက ကုလသမဂ္ဂ အခြေစိုက် တရုတ်သတင်းဋ္ဌာနများနှင့် တွေ့ဆုံမေးမြန်းစဉ် ထိုသို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)