Connect with us

Videos

ကောင်းကင်မှ ထူးဆန်းစွာပိုက်ဆံမိုးရွာခြင်းအကြောင်းကို စုံစမ်းလျက်ရှိ

လုရှန်း၊ မေ ၁၆ ရက်(ဆင်ဟွာ)
မေလ ၁၂ရက်နေ့ မနက် က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်ပြည်နယ်၊ လုရှန်းမြို့တွင် ငွေမိုးများ ရွာခဲ့သည်။ ဒေသခံများက ကျလာသည့် ယွမ် ၁ဝဝ တန် ငွေစက္ကူအကြွေများကို ကြည့်ပြီး အံ့အားသင့်ခဲ့ကြသည်။
“ပိုက်ဆံတွေက ကောင်းကင်က ကျလာတာဗျ။ ကောင်းကင် ကလည်း အပြာရောင် ကောင်းကင်ပြင်ကြီးပါ။ ကျွန်တော်တို့နေတဲ့နားမှာဖြစ်တာပါ။”
ငွေစက္ကူမိုးတွေ ရွာစေခဲ့သူ မည်သူဆိုသည် နှင့် မည်သည့်အတွက်ကြောင့် ထိုသို့ ငွေမိုးများရွာကျသည်ကို သိသူမရှိကြချေ။
ဒေသခံရဲများ၏အဆိုအရ ယွမ် ၈ဝဝဝဝ လောက်ရရှိခဲ့ပြီး ဒေါ်လာ ၁၃ဝဝဝ တန်ကြေးရှိကြောင်းသိရသည်။
“ကျွန်တော်တို့ အဲဒီငွေမိုးရွာချ တဲ့ အနီးနား အဆောက်အအုံတိုင်းရှိ အိမ်တိုင်းကိုလိုက်စစ်ကြည့်ပြီးပါပြီ။ အိမ်တော်တော်များများက တံခါးမဖွင့်ပေးကြဘူးဗျ။ ဒါကြောင့် ဘယ်သူက ပစ်ချလိုက်တာလဲဆိုတာတော့ မသိပါဘူး။ စစ်ဆေးရေးလုပ်ငန်းတွေတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။” (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.