Connect with us

Videos

ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမည်

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၈ရက်တွင် ထုတ်ပြန်ကြေညာကြောင်းသိရသည်။ကြေညာချက်အရအဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာရှိကြောင်း သိရသည်။

လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်လေးနေရာမှာ ကန်ပက်လက်၊ လဲချား၊ တာမွေနှင့် မြင်းခြံမြို့နယ်တို့ဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တစ်နေရာမှာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ( ၂)ဖြစ်ကြောင်း ၊လစ်လပ်တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ရှစ်နေရာမှာ မတူပီမြို့နယ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊အ ုတ်တွင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)၊ ရသေ့တောင်မြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ မင်းဘူးမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ ဆိပ်ကမ်းမြို့နယ်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂) နှင့် မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့ဖြစ်ပြီး ယင်းနေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.