Videos
ခေတ်ရှေ့ပြေး စက်ရုပ်ပြပွဲ တွင် အနာဂတ်နည်းပညာများအားထင်ဟပ်ပြသခဲ့
ဆန်တီယေးဂိုး၊ ဇန်နဝါရီ (၂၂) ရက် (ဆင်ဟွာ)
ချီလီနိုင်ငံ၏ မြို့တော် ဆန်တီယေးဂိုးမြို့၌ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော 5th Congress of Future တွင် လူတူ စက်ရုပ်တစ်ရုပ်အားပြသခဲ့သည်။ အဆိုပါစက်ရုပ်သည် စာရေးဆရာတစ်ဦး (သို့မဟုတ်) ပရော်ဖက်ဆာ တစ်ဦး ဟု ထင်မှတ်မှားဖွယ် သဏ္ဍာန်တူသည်။
အဆိုပါပွဲအား ချီလီနိုင်ငံသမ္မတ လည်း တက်ရောက်ခဲ့ပြီး အသိဉာဏ်တု နည်းပညာ ပိုမိုတွင်ကျယ်စေရန် အားပေးခဲ့သည်။
ထို့အပြင် သမ္မတ မှ android စက်ရုပ် အသင်း (၂) သင်း များ ဘောလုံးပွဲ ကိုလည်း အားပေးခဲ့ ပြီး ပြပွဲတွင်သာမန်လူတစ်ယောက်နီးပါး အသွင်တူအောင်ဖန်တီးထားသည့် စက်ရုပ်များအားပြသခဲ့သည်။
အဆိုပါစက်ရုပ် ပွဲသို့ နိုင်ငံတကာမှ နည်းပညာရှင် (၉ဝ) ကျော်တို့တက်ရောက်ခဲ့ကြပြီး နိုင်ငံ၏ အခြားဒေသ ခြောက်နေရာတို့တွင် ဆက်လက်ပြသသွားမည်ဟုသိရသည်။ (Xinhua)