Videos
ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တရုတ် သမ္မတ ရှီ တက်ရောက်မည်
ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် မေလ ၁၄ ရက်မှ ၁၅ ရက်အတွင်း ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်မည် ဖြစ်ပြီး ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ဆွေးနွေးပွဲအား လက်ခံ ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ဧပြီလ ၁၈ ရက်က ပြောကြားလိုက်သည်။
အဆိုပါ ဖိုရမ်သို့ နိုင်ငံ့ ခေါင်းဆောင်များနှင့် အစိုးရ ခေါင်းဆောင် ၂၈ ဦး တက်ရောက်မည် ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)