Videos
ခြေချောင်းများနှင့်ကယ်ဆယ်ရေးစက်ရုပ်
ရှန်ဟိုင်း၊ဧပြီ ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်းရှန်ဟိုင်း Jiaotong တက္ကသိုလ် ရှိ သုတေသီများက ခြေချောင်းများတပ်ဆင်ထားသော ကယ်ဆယ်ရေးစက်ရုပ်ကို တီထွင်ခဲ့ကြောင်း သိရသည်။အလေးချိန် ၃ဝဝ ကီလို ဂရမ် ကို သယ်ဆောင်နိုင်ပြီး အကွာအဝေး တစ်နာရီလျင် ၁.၂ ကီလိုမီတာနှုန်းဖြင့်သွားလာနိုင်သည့် အဆိုပါ ခြေချောင်းများပါဝင်သည့် စက်ရုပ်ကို တရုတ်သုတေသီများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်နှင့် နျူကလီးယားဓါတ်ရောင်ခြည်သင့်ဒေသများ၊ ရေအောက်နှင့် မီးလောင်မှုဖြစ်ပွားသည့်နေရာများ ကဲ့သို့လူများသွားလာရန် အန္တရာယ်များလွန်းသည့်ဒေသများကို သွားလာနိုင်စေရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ (Xinhua)