Videos
စွန့်ပစ် အီလက်ထရောနစ်ပစ္စည်းများမှ တစ်ဆင့် လက်ဝတ်ရတနာများအားဖန်တီး
အာဂျင်တီးနား၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အာဂျင်တီးနားနိုင်ငံတွင် ဟာနန် ဘရက်ဆန် ဟု အမည်ရသော သူတစ်ဦးမှ ကွန်ပျူတာများ၊ ဆဲလ်ဖုန်း အဟောင်းများရှိ ပြန်လည်အသုံးပြု၍ မရသော ပစ္စည်းများအား အသုံးပြုကာ လက်ဝတ်ရတနာများအား ဖန်တီးခဲ့ကြောင်းသိရသည်။ သူ၏ ပြန်လည်အသုံးချနိုင်ရန် တီထွင်ဖန်တီးမှုများကို လူအများမှ ကြိုက်နှစ်သက် ခဲ့ကြသည်။
စက်ပစ္စည်းအဟောင်းများ၏ ပြန်လည်အသုံးပြု၍ မရနိုင်သောအစိတ်အပိုင်းများအား အနုပညာလက်ရာ လက်ဝတ်ရတနာများ အဖြစ်ပြန်လည်ဆင်မြန်းနိုင်ရန် တီထွင် ရန်အကြံဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ ဒီလိုဆောင်ရွက်ခြင်းအားဖြင့်လူတိုင်းလူတိုင်းဟာစွန့်ပစ်အီလက်ထရောနစ်ပစ္စည်းအပိုင်းအစများကို ပြန်လည်အသုံးပြုနိုင်မည့်နည်းလမ်းကိုသိရှိကြမှာဖြစ်ပါတယ်။ စက်ပစ္စည်းအနေနဲ့အလုပ်မလုပ်ဘူးဆိုရင်တောင် လက်မှုပစ္စည်းတစ်ခုအနေနဲ့တော့ အသုံးချနိုင်တယ်ဆိုတာကိုသိကြစေချင်ပါတယ်။” ဟု တီထွင်သူ ဟာနန် ဘရက်ဆန် က ဆိုသည်။
ဘရက်ဆန်သည် သံကွင်းအဟောင်းများဖြင့်လက်စွပ်များ၊ CD အဟောင်းများ ဖြင့် လည်ဆွဲများ နှင့် ဖုန်းအားသွင်းကြိုး အဟောင်းများဖြင့် နားဆွဲများကိုပင်ပြုလုပ်ဖန်တီးထားသည်။ ထိုသို့တီထွင်ရန်အတွက် လိုအပ်သည့် ပစ္စည်း အစိတ်အပိုင်းများ ကို နေထိုင်ရာလမ်း အတွင်းရှိ အီလက်ထရောနစ်ပစ္စည်းအဟောင်း ဆိုင်မှ လည်းကောင်း၊ အိမ်နီးချင်းများမှ လည်းကောင်းရရှိသလို ၎င်းဖန်တီးသည့် အနုပညာလက်ရာများ အကြောင်း သိသူများမှလှူဒါန်းမှုများ မှလည်းရရှိသည်ဟုသိရသည်။ (Xinhua)