Connect with us

Videos

ဘရာဇီးဗဟိုဘဏ်မှ အိုလံပစ်အထိမ်းအမှတ်အကြွေစေ့ထုတ်ဝေ

ရီယိုဒီဂျနေးယိုး ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုး ရှိ ဘရာဇီးဗဟိုဘဏ်တွင် ၂ဝ၁၆ ဘရာဇီး အိုလံပစ်နှင့် မသန်စွမ်းအားကစား ပြိုင်ပွဲ တို့ အား ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် အကြွေစေ့ အမျိုးအစား ၉မျိုး ၄ စုံ ကို ထုတ်လုပ်ခဲ့သည်။

ရီယို ၂ဝ၁၆ ပြိုင်ပွဲတွင် တာဝန်ရှိသူ Agemar Santos က ပြောကြားရာတွင် “ အကြွေစေ့ တစ်စေ့ချင်းစီက လူ့အဖွဲ့အစည်းနှင့်လူသားတစ်ယောက်ချင်းစီကိုကိုယ်စားပြုပါတယ်။ နိုင်ငံ၏ အကြီးမားဆုံး ပိုင်ဆိုင်မှု ကတော့ အဲဒီနိုင်ငံရဲ့ ငွေကြေးပဲ ဖြစ်ပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲ ဦးဆောင်ကျင်းပရေးကော်မတီအနေဖြင့် ကျွန်တော်တို့အတွက်က တော့ အခုလို အထိမ်းအမှတ် အကြွေစေ့တွေကို ထိန်းသိမ်း ဖို့အရမ်းအရေးကြီး ပါတယ်။ ဘရာဇီးမှာ အခုလို အထိမ်းအမှတ်အကြွေစေ့ထုတ်တဲ့အစဉ်အလာ သိပ်အများကြီးမရှိခဲ့ပါဘူး” ဟုပြောခဲ့သည်။

ရွှေရောင်အကြွေစေ့တစ်စေ့ ရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂.၅ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Cristo Redentor ခရစ်တော်၏ ရုပ်တုနှင့် အိုလံပစ် မီးတိုင်ကို ဂုဏ်ပြုထုတ်လုပ်ထားခြင်းဖြစ်သည်။ ငွေရောင်အကြွေစေ့များကတော့ အကြွေစေ့ တစ်စေ့ကို ဒေါ်လာ ၁.၂ ဒေါ်လာကျသင့်မှာ ဖြစ်ပြီး ရီယိုဒီဂျနေးရိုးမြို့ကို ဂုဏ်ပြု ထုတ်လုပ်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.