Videos
ဆင်ဟွာသတင်းထောက်ပင်လယ်ရေအောက်အထိသတင်းယူ
ပေကျင်း၊ မေ ၃ဝ ရက်(ဆင်ဟွာ)
တရုတ် နိုင်ငံ သည် ကမ္ဘာ့ အနက်ဆုံး သမုဒ္ဒရာ Mariana Trench ၏ Challenger Deep မြောက်ဘက် အတွင်း သို့ စူးစမ်းလေ့လာရန် အတွက် လူလိုက်ပါနိုင်သော “ကျောင်လုံ” (Jiao Long) ရေငုပ်သင်္ဘော တွင် ဆင်ဟွာ သတင်းဌာန မှ သတင်းထောက် လျိုစစ်ဖိန် (Liu Shiping) သည် အတူတကွ လိုက်ပါသွား ခဲ့ကာ ကမ္ဘာ့ အနက်ဆုံး ပင်လယ်သမုဒ္ဒရာ အောက်တွင် သတင်းယူခဲ့သူ တစ်ဦး ဖြစ်ခဲ့ပါသည်။အနက်မီတာ ၄၈၀၀ ရှိ ပင်လယ်ရေအောက် တွင် စူးစမ်းလေ့လာ မှု အချိန် ၉ နာရီခန့် ပြု လုပ်ခဲ့ပြီးနောက် ပင်လယ်ပြင်ရှိ ရှားပါးမျိုးစိတ်နမူနာများကိုစုဆောင်းရယူခဲ့သည်။ယခု အကြိမ်သည် တရုတ် နိုင်ငံ ၏ ၃၈ ကြိမ်မြောက် သမုဒ္ဒရာ ခရီးစဉ် ၏ တတိယ အပိုင်းမှ ပထမ အကြိမ် ရေအောက် ဆင်းသက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
(Xinhua)