Connect with us

Videos

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း အဖြစ်သဘောတူညီချက် ၃၇ ချက်အား လက်မှတ် ရေးထိုး ချုပ်ဆို

နေပြည်တော် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက် ၃၇ ချက်အား အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှင့် နိုင်ငံရေး ပါတီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ယနေ့မေလ ၂၉ ရက်တွင် ပါဝင် လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား မေ ၂၄ ရက်မှ စတင်၍ ၅ ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံရေး ကဏ္ဍတွင် ၁၂ ချက် ၊ စီးပွားရေး ကဏ္ဍတွင် ၁၁ ချက် ၊ လူမှုရေး ကဏ္ဍတွင် ၄ ချက် ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍတွင် ၁၀ ချက် စုစုပေါင်း ၃၇ ချက်အား ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် လက်မှတ် ရေးထိုး ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံကို မတက်ရောက်ဖြစ်သေးသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများကိုလည်း အတူတကွလက်တွဲပူးပေါင်းပါဝင်ရန် ၎င်း၏ကျေးဇူးတင်စကားထဲတွင် အောက်ပါအတိုင်းဖိတ်ခေါ်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး နောက်ဆုံးနေ့ မေ ၂၉ ရက်တွင် ကဏ္ဍအလိုက် မူဝါဒများ တင်သွင်းခြင်း ၊ ထောက်ခံကြောင်း အဆိုတင်သွင်းခြင်း နှင့် အဆိုပြု မူဝါဒများအား အတည်ပြုကြောင်း ကြေညာခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ညီလာခံမှ အတည်ပြုသော သဘောတူညီချက်များအား ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.