Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

တစ်နာရီ ၆၀၀ကီလိုမီတာ အမြန်နှုန်းသွားနိုင်သည့် သံလိုက်ရထားအား အောင်မြင်စွာစမ်းသပ်ပြေးဆွဲ  - Xinhua News Agency
Connect with us

Videos

တစ်နာရီ ၆၀၀ကီလိုမီတာ အမြန်နှုန်းသွားနိုင်သည့် သံလိုက်ရထားအား အောင်မြင်စွာစမ်းသပ်ပြေးဆွဲ 

ရှန်ဟိုင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် တစ်နာရီလျှင် ၆၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်သည့် သံလိုက်ရထားအား အောင်မြင်စွာစမ်းသပ်ပြေးဆွဲနိုင်ခဲ့ကြောင်းသိရသည်။ ၎င်းသံလိုက်ရထား၏ အားသာချက်များမှာ မြန်နှုန်းမြင့်ခြင်း၊ ဘေးကင်းလုံခြုံခြင်း၊ ရထားမောင်းနှင်စဉ် အသံဆူညံမှု နှင့် တုန်ခါမှု နည်းပါးခြင်း၊ ခရီးသည်များစွာကိုတင်ဆောင်နိုင်ခြင်း၊ အချိန်မှန်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်းတို့ဖြစ်သည်။  တစ်နာရီလျှင် ၆၀၀ ကီလို မီတာ အမြန်နှုန်းဖြင့် မောင်နှင်နိုင်သည့် သံလိုက်ရထားကို ယမန်နှစ် မေလက ချင်းသောင်မြို့၌ စတင်ထုတ်လုပ်ခဲ့သည်။ သံလိုက်ရထားများသည် မြန်နှုန်းမြင့်ရထားများနှင့် လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုတို့အကြား လိုအပ်နေသည့်ဝန်ဆောင်မှုများကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့် ခရီးသည် သယ်ယူပို့ဆောင်ရေးကွန်ရက်အတွက် ကြီးမားသည့် တိုးတက် အောင်မြင်မှု အသွင်ဆောင်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.