Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး 5G ကွန်ရက်နည်းပညာသုံး မောင်းသူမဲ့ မီးသတ်drone

ချုံချင့်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့တွင် မီးငြှိမ်းသတ်ခြင်းသရုပ်ပြပွဲတစ်ခု၌ 5G ကွန်ရက်နည်းပညာသုံး မောင်းသူမဲ့ မီးသတ်drone တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်း မီးသတ် drone တွင် 5G ကွန်ရက်နည်းပညာ၏ အကျိုးကျေးဇူးများဖြစ်သည့် တိကျမှုနှင့်လျှင်မြန်မှု တို့ကို ပေါင်းစပ်ထားတီထွင်ထားပြီး အထပ်မြင့်အဆောက်အဦများပေါ်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ပါက ခက်ခဲစွာ မီးငြှိမ်းသတ်ရခြင်းကို အထောက်အကူဖြစ်စေရန် ဒီဇိုင်းထုတ်လုပ်ထားသည်။ မီးသတ် drone သည်  သရုပ်ပြသမှုအတွင်း မီးလောင်သည့်နေရာများကိုအောင်မြင်စွာမီးငြှိမ်းသတ်ပြသနိုင်ခဲ့ပြီး မြင့်မားသည့်အဆောက်အဦပေါ်တွင်လည်း ထိရောက်စွာငြှိမ်းသတ်နိုင်ခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံတွင် အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည့်  ပထမဆုံး 5G ကွန်ရက်နည်းပညာသုံး မီးငြှိမ်းသတ်နိုင်သော drone တစ်စင်းဟု ယူဆနိုင်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.