Videos
တနေ့လျှင်ဧည့်သည်ပေါင်း ၈ဝဝဝ ခန့် လည်ပတ်နိုင်မည့် တရုတ်ပြည် ၏ ကမ္ဘာ့အရှည်ဆုံး ဖန်တံတား
ချန်ရှ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်းကျားကျဲမြို့တွင် တည်ရှိသည့် ကမ္ဘာ့အရှည်ဆုံး နှင့် အမြင့်ဆုံး ဖန်တံတားအား လာရောက်လည်ပတ်သူများအတွက် သြဂုတ် ၂၀ ရက်တွင် စမ်းသပ်ဖွင့်လှစ် ခဲ့ ပြီးလူပေါင်းများစွာတံတားပေါ်မှ ဖြတ်သန်းလည်ပတ်ခဲ့ကြသည်။ ယခုစမ်းသပ်ဖွင့်လှစ်စဉ်ကာလအတွင်း တံတားပေါ်သို့ တနေ့လျှင် အများဆုံး ဧည့်သည်ပေါင်း ၈ဝဝဝ ခန့် ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်သည်။လာရောက်လည်ပတ်မည့်သူများမှာ မလည်ပတ်ခင် တစ်ရက်ကြို၍ စာရင်းပေးရန်လိုအပ်ကြောင်းသိရသည်။
အရှည် ၄၃၀မီတာ နှင့် အကျယ် ၆မီတာ ရှိသည့် အဆိုပါ ဖန်တံတားအား အလွှာသုံးလွှာပါရှိသော ဖောက်ထွင်းမြင်နိုင်သည့် မှန်ချပ် ၉၉ချပ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ မြေပြင်မှ မီတာ ၃၀၀ မြင့်မားသည့် ကမ်းပါး နှစ်ဘက်တွင် တွဲလောင်းခိုထားခြင်းဖြစ်ကြောင်း သိရသည်။ တံတားတည်ဆောက်ခြင်းကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင်အပြီးသတ်နိုင်ခဲ့သည်။
ယင်းတံတားသည် ၎င်း၏ ဒီဇိုင်း နှင့် တည်ဆောက်မှုပုံစံများကြောင့် ကမ္ဘာ့စံချိန် ၁၀ခုတွင် မှတ်တမ်းဝင် ခဲ့ကြောင်း ကော်မတီ၏ပြောကြားချက်အရသိရသည်။ (Xinhua)