Connect with us

Videos

ဂိမ်းအလွန်အကျွံကစားခြင်းကြောင့် ဆယ်ကျော်သက်များ အရိုးအကြောများထိခိုက်နိုင်

ဟောင်ကောင်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
ဟောင်ကောင်တွင် ပိုကီမွန်ဂိုး ဂိမ်းဖြန့်ဝေပြီးနောက် လူပေါင်းများစွာက အဆိုပါ ဂိမ်းကို download ဆွဲကစားခဲ့ကြသည်။ မကြာသေးမီက ပိုကီမွန်ဂိုးဂိမ်းတွင် အကောင်များစွာကို ပိုမိုဖမ်းမိစေဖို့ AR mode ကို ဖွင့်ပြီး ဆော့ရန် စသဖြင့် ပိုကီမွန်ဂိုးဂိမ်းဆော့နိုင်သည့်နည်းစနစ်များလည်း ထွက်ပေါ်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ပိုကီမွန်ဂိုး ဂိမ်းကစားခြင်းကြောင့် နောက်ကျောတက် ခြင်း လည်ပင်း အကြောလွဲခြင်းဝေဒနာသည်များပိုမိုများပြားလာကြောင်း ဆရာဝန်များကဆိုသည်။ အရိုးအကြောရောဂါကုဋ္ဌာနတွင် ယခင်ကထက် လူနာ ၁ဝ ရာခိုင်နှုန်းခန့်ပိုမိုတိုးပွားလာကြောင်း၊ လူတွေက ဖုန်းကို ငုံ့ကြည့်ပြီး အဲဒီဂိမ်းကို ကစားကြတာကြောင့် အချိန်ကြာလာတဲ့အခါလည်ပင်းအရိုးတွင် ဒဏ်ဖြစ်လာကြောင်း၊ အဲဒါဟာတဖြေးဖြေးနှင့် ဆိုးဝါးလာနိုင်ပြီး ကျီးပေါင်းတက်ခြင်းမှတစ်ဆင့် ထုံထိုင်းသွားတဲ့အဆင့်အထိဖြစ်လာနိုင်ကြောင်းဆိုသည်။ ဆရာဝန်များ၏ အဆိုအရ ဆယ်ကျော်သက် လူငယ်များမှာ ဂိမ်းကစားခြင်းကို အလွန်အကျွံစွဲလမ်းလာပါက ထိုသို့ကျန်းမာရေးထိခိုက်နိုင်ခြေပိုများ နိုင်ကြောင်း၊ အရိုးအဆစ်များ စတင်ဖွံ့ဖြိုးစအရွယ်အတွင် ထိုသို့ အနေအထားမမှန်ပါက ဆက်လက် ကြီးထွားဖွံ့ဖြိုးရန်အတားအဆီးတစ်ခုဖြစ်လာနိုင်ပြီ မတော်တဆထိခိုက်နိုင်ခြေပိုများကြောင်းနှင့် အချိန်ကြာမြင်စွာ ဖုန်း screen ကို အာရုံစိုက်ခြင်းကလည်း ကျောရိုးကို ဒဏ်ဖြစ်စေနိုင်သည်ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.