Videos
တရုတ်-မြန်မာနှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှီးနှောဖလှယ်ပွဲကျင်းပ
ရန်ကုန် ၊ မတ် ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲကို မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးစီးပွားရေး သံမှူးရှဲကော်ရှန် က လတ်တလော နှစ်ပိုင်းတွင် တရုတ် နိုင်ငံ မှ မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာခဲ့သောကြောင့်လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်သည့်တွန်းအားပေး ဆောင်ရွက်မှုတစ်ခု ဖြစ်စေခဲ့ကြောင်းပြောကြား ခဲ့သည်။
တရုတ်ကုန်သည်လုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဋ္ဌလျိုယင် က ယခုကျင်းပပြုလုပ်ခဲ့သည့် နှီးနှောဖလှယ်ပွဲ သည် နှစ်နိုင်ငံလုပ်ငန်းရှင်များ အတွက်လုပ်ငန်းဆောင်ရွက်မှုများ ပိုမို အကောင်အထည်ဖော်ဆောင်ရွက် သွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က မြန်မာ-တရုတ်စီးပွားရေး စြင်္က ံသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သည့် အလားအလာ ဖြစ်ကြောင်းပြောကြားခဲ့သည်။
ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲ မှတစ်ဆင့် နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တို့ကို မြှင့်တင်ပေးနိုင်မည် ဖြစ်သောကြောင့် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၊ ရခိုင်အရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့်စိန်ခေါ်မှု ၃ ခု ကို ကျော်လွှားနိုင်ရန် အတွက် တရုတ်နိုင်ငံ အနေဖြင့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ကြီးမှူးကျင်းပ သည့် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင် ကြီးများ နှီးနှောဖလှယ်ပွဲသည် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေး နယ်ပယ် ကဏ္ဍ အသီးသီး မှ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ကိုယ်စားလှယ် အသီးသီး တို့က တက်ရောက်ခဲ့ကြသည်။
နှစ်နိုင်ငံ လုပ်ငန်းရှင်များ အတွေးအမြင် များအား ရင်းရင်းနှီးနှီး ဖလှယ် နိုင်ရန် အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှီးနှောဖလှယ်ပွဲ သို့ နှစ်နိုင်ငံ ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်ပေါင်း ၂၀၀ ခန့် တက်ရောက် ခဲ့ကြသည်။(Xinhua)