Videos
တရုတ်ကျောင်းသားတစ်ဦး လက်ဖြင့်လမ်းလျှောက်ပြီးဂင်းနစ်စံချိန်သစ်တင်
စီချွမ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
Zhang Shuang ဆိုသူကျောင်းသားသည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ China West Normal University တွင် ပညာသင်ကြားနေသူဖြစ်ပြီး မြေပြင်မှာရော လှေခါးများကိုပင် လက်များဖြင့် ဆင်းနိုင်တက်နိုင် လမ်းလျှောက်နိုင်သူဖြစ်သည်။ သူက ထိုသို့သွားလာနိုင်ရန်အတွက် မနက် ၅နာရီ တိုင်း အိပ်ရာမှထကာ လေ့ကျင့်ခဲ့ကြောင်းဆိုသည်။ သူသည် မီတာ ၅ဝ ကို ၂၆.၀၉ စက္ကန့်ကြာ လက်ဖြင့်လမ်းလျှောက်ခဲ့သူဖြစ်သည်။ ဂင်းနစ်စံချိန်တင်ရန်အတွက် လက်များဖြင့် သွားလာရာတွင် ဒူးခေါင်းကိုကွေး၍ ဘောလုံးကိုပါတပါတည်း သယ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ (Xinhua)