Videos
တရုတ်နိုင်ငံ ကတည်ဆောက်ပေးခဲ့သည့် အာဖရိကတိုက်၏ အရှည်ဆုံး ကြိုးတံတားကိုဖွင့်လှစ်
ရာဘတ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့သည့် အာဖရိကတိုက်၏ အရှည်ဆုံး ကြိုးတံတားကို မော်ရိုကိုနိုင်ငံဘုရင် မိုဟာမက် VI က ဇူလိုင်လ ၇ ရက်နေ့ တွင် တရားဝင်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
မော်ရိုကိုဘုရင်၏ အမည်ကို ပေးထားသည့် မိုဟာမက် VI ဟုခေါ်သည့် အဆိုပါတံတားကို တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၇၂ သန်း အကုန်အကျခံကာ ရင်းနှီးမြှုပ်နှံပြီးတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ တံတားမှာ မော်ရိုကိုနိုင်ငံ မြို့တော် ရာဘတ်နှင့် အနောက်မြောက်ဘက်ရှိ မြို့တော် ဆေးလ်တို့ကို သွယ်တန်းပေးထားပြီးမီတာ ၃ဝ အကျယ်ရှိကာ ၉၅ဝ မီတာ ရှည်သည်။ (Xinhua)