Videos
တရုတ်နိုင်ငံ သမ္မတ ဗြိတိန် သွားမည်
ပေကျင်း၊ အောက်တိုဘာ (၁၃) (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လာမည့် ရက်သတ္တပတ်အတွင်း ဗြိတိန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က အောက်တိုဘာလ ၁၃ ရက် တွင် ပြောကြား လိုက်သည်။
ဗြိတိန်နိုင်ငံ ဘုရင်မ အဲလိဇဘက် ၂ ၏ ဖိတ်ကြားချက်ဖြင့် သမ္မတ ရှီသည် ဗြိတိန်သို့ အောက်တိုဘာလ ၁၉ ရက်မှ ၂၃ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း လုခန်က ပြောသည်။ သမ္မတရှီ ၏ ခရီးစဉ်သည် ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်သမ္မတတစ်ဦး ၏ ဗြိတိန်သို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည့် အရေးကြီး ခရီးစဉ်လည်းဖြစ်သည်။၂ နိုင်ငံအတွက် အရေးပါသော အခြေခံမူများအား ချမှတ်နိုင်မည်ဟုလည်းမျှော်လင့်ကြသည်။
တရုတ်နိုင်ငံ အတွက် ဗြိတိန်မှာ ဥရောပသမဂ္ဂအတွင်း ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း ဗြိတိန်နိုင်ငံ၏ ဆဋ္ဌမ အကြီးဆုံး ကုန်ပစ္စည်းတင်ပို့သည့်နိုင်ငံဖြစ်သည်။ (Xinhua)