Connect with us

Videos

တရုတ်နိုင်ငံတွင် ဦးနှောက်ဖြင့်ထိန်းချုပ်ဆောင်ရွက်မှုလုပ်ငန်းဆိုင်ရာမဟာမိတ်အဖွဲ့ကို တည်ထောင်

အောက်တိုဘာ(၁၄)၊ ဆင်ဟွာ

အားကစားလက်ပတ်များ၊ စိတ်ဖြင့်ထိန်းချုပ်ရသောကားများ၊ ဦးနှောက်ဖြင့်ထိန်းချုပ်ဆောင်ရွက် နိုင်သည့် ကိရိယာများစသည့် ဦးနှောက် ဖြင့် ထိန်းချုပ်နိုင်သည့် ကိရိယာ လုပ်ငန်းကဏ္ဍ သည် တရုတ်နိုင်ငံတွင် တဖြည်းဖြည်းတိုးတက် လာနေပြီဖြစ်သည်။

နည်းပညာ အခြေအနေ မှတစ်ဆင့် လက်တွေ့အသုံးပြုနိုင်သော ပစ္စည်းများ အဖြစ် ပြောင်းလဲ တိုးမြှင့်ထုတ်လုပ်ရန် Neuro Technologyနှင့် Kether and Eeg Life တို့ ပူးပေါင်းပြီး တရုတ်နိုင်ငံ ဦးနှောက်ထိန်းချုပ်ဆောင်ရွက်မှု လုပ်ငန်း ဆိုင်ရာ ဉာဏ မဟာမိတ်အဖွဲ့ကို မကြာသေးမီက
ဟန်ကျိုးတွင် စတင်တည်ထောင်ခဲ့သည်။

အဆိုပါ မဟာမိတ်အဖွဲ့သည် လုပ်ငန်းများ၊ တက္ကသိုလ်များနှင့် သုတေသန အဖွဲ့အစည်းများ အကြား ပေါင်းစည်းမှု ဦးနှောက်ဖြင့်ထိန်းချုပ်ဆောင်ရွက်နိုင်မည့် ကိရိယာ လုပ်ငန်း ကို ပိုမို ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ ဦးနှောက်ထိန်းချုပ်ဆောင်ရွက်မှု လုပ်ငန်း ဆိုင်ရာ ဉာဏ မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ က အဆိုပါ အဖွဲ့အနေဖြင့် ကုမ္ပဏီအသစ်များနှင့် များပြားသော အရင်းအမြစ်များ ပူးပေါင်းပေးနိုင်မည်ဟု ယုံကြည်သည့်အပြင် ကောလိပ်ကျောင်းသားအများအပြားမှလည်း ဦးနှောက်ဖြင့်ထိန်းချုပ် ဆောင်ရွက်မှုလုပ်ငန်းဆိုင်ရာ ဘာသာရပ်အား ပညာရပ် နယ်ပယ်တစ်ခုမက သက်ဆိုင်တဲ့ ဘာသာရပ်တစ်ခုကဲ့သို့ စိတ်ဝင်တစားပါဝင်ဖို့လိုအပ်ပါကြောင်း၊ ကျဲ့ကျန်းတက္ကသိုလ်နှင့်ပူးပေါင်း၍ ဦးနှောက်ဖြင့်ထိန်းချုပ်ဆောင်ရွက်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းကဏ္ဍတိုးတက်ရန်ကျောင်းသားများကို ပျိုးထောင်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.