Videos
တရုတ်နိုင်ငံ အရှေ့ပိုင်း ဘိုဟိုင်း ပင်လယ်ပြင်တွင် ရေနံတွင်းကြီး တစ်ခုကို တူးဖော်တွေ့ရှိ
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဘိုဟိုင်း ပင်လယ်ပြင်ရှိ လိုင်ကျိုးပင်လယ်အော်တွင် ရေနံတွင်းကြီး တစ်ခုကို တူးဖော်တွေ့ရှိခဲ့ကြောင်းသိရသည်။ လုပ်ကွက်အမှတ် ကမ်းလီ ၆-၁ ကို တရုတ်နိုင်ငံ၏ အရှေ့ပိုင်းကမ်းရိုးတန်းတွင် တွေ့ရှိခြင်းဖြစ်သည်။ ရေနံ တူးဖော်နိုင်သည့် ကြမ်းခင်းထုထည်အကျယ်မှာ ၂၀ မီတာကျော်ရှိသည်။ ၎င်းရေနံတွင်းသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁,၁၇၈ စည်ထိ ထုတ်ယူရရှိနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ရှာဖွေတွေ့ရှိမှုသည် လိုင်ကျိုးပင်လယ်အော်ရှိ Neogene lithologic ရေလှောင်တမံ တည်ဆောက်ရေးအတွက် အလား အလာကောင်းများစွာ ရရှိကြောင်း သိရသည်။ (Xinhua)