Videos
တရုတ်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံသို့ စမတ်ဘတ်စ်ကား ၁၅ စီးတင်ပို့
ဟူနန်၊ မေ ၁၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်းဟူနန်ပြည်နယ်ချန်တဲမြို့ရှိ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် CRRC မှ ထုတ်လုပ်သော စမတ် ဘတ်စ်ကား ၁၅ စီးကို မေ ၈ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရသည်။ ၁၂ မီတာအရှည်ရှိသည့် ၎င်းဘတ်စ်ကားများတွင် စမတ်နည်းပညာသုံး dashboard နှင့် ယာဉ်မောင်းအား အကူစနစ်ထည့်သွင်းပေးထားရာ မောင်းသူမဲ့ မော်တော်ယာဉ် ကွန်ရက်စနစ်ကို အထောက်အကူဖြစ်စေကြောင်း သိရသည်။ ဆော်ဒီအာရေဗျ နိုင်ငံရှိ လမ်းမများနှင့် ကိုက်ညီစေရန် အထူးဒီဇိုင်းထုတ်လုပ်ပေးထားသည့် ၎င်းကားများတွင် radiation resistance စနစ်နှင့် လေအေးပေးစက်များကိုတပ်ဆင် ထားကြောင်းသိရသည်။ (Xinhua)