Connect with us

Videos

တရုတ်နိုင်ငံတွင် ပြည်နယ် ၆ ခုအား သွယ်တန်းပို့လွှတ်နိုင်မည့်မဟာဓါတ်အားလိုင်းတည်ဆောက်

ရှန်းကျန့်၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှန်းကျန့်မှ တရုတ်နိုင်ငံအရှေ့ပိုင်းသို့သွယ်တန်းပို့ဆောင်မည့် စုစုပေါင်း အကွာအဝေး ၃၃၂၄ ကီလိုမီတာရှည်လျားသည့် မဟာဓါတ်အားလိုင်းများချိတ်ဆက်တည်ဆောက်ခြင်းလုပ်ငန်းကို စတင်လျက်ရှိရာ ၅၉၈ ကီလိုမီတာအကွာအဝေးရှိ ၁၁ဝဝ ကီလိုဗို့လျှပ်စစ်ဓါတ်အားလိုင်းပိုင်းမှာပြီးစီးပြီဖြစ်ကြောင်းသိရသည်။ ထိုဓါတ်အားလိုင်းများမှာ ရှန်းကျန်း၊ ကန်းစု၊ နင်းရှ၊ ရှန်ရှီး၊ဟီနန်နှင့် အန်ဟွေးဒေသတို့ကိုဖြတ်သန်း ပို့လွှတ်မည်ဖြစ်ပြီး ဓါတ်အားလိုင်းတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုယွမ် ဘီလီယံ ၄ဝ ရှိသည်။ ဓါတ်အားလိုင်းတည်ဆောက်မှုပြီးစီးပါက မီးလုံးပေါင်း သန်း ၄ဝဝ ကို အလင်းပေးနိုင်မည့်ဓါတ်အားပမာဏကို ရရှိမည်ဖြစ်ပြီး ယခုနှစ်ကုန်တွင်စီမံကိန်းပြီးစီးမည်ဟု ယူဆရကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.